အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်အေးနေ

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာချင်း(ဥမ)တွေက ယခင်တစ်ပတ် ကလောက် အဝင်မရှိပေမယ့် ပုံမှန်ဝင်နေပါတယ်။ ဒီတစ်ပတ်မှာမိုးများသလို ဝါတွင်း ကာလ ပိတ်ရက်များကြောင့်အရောင်းအေးနေတယ်လို့ သိရှိရပါတယ်။ တောင်သူအချို့မှာလည်းဘုန်းကြီးကျောင်းတက်၊ဥပုသ်သီလဆောက်တည်မှုတွေလုပ်နေကြတော ကြာင့် ဒီတစ်ပတ် အောင်ပန်းသီးနှံဈေးကွက်မှာ ငြိမ်နေပါတယ်။ဒီတစ်ပတ်မှာ လက်ကြီးသမားတွေထက်ဈေးပတ်သမားများသာဝယ်ယူမှု ရှိ နေပါတယ်။ တစ်ပတ် အတွင်းပိသာချိန် ၁၅၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရ ပါတယ်။ ချင်းပေါက်ဈေးကတော့ (ဥမ) တစ်ပိသာကို ကျပ် ၃၀ဝ ဈေးရှိတယ်လို့ သိရှိရပါ တယ်။ဟိုပုန်းဈေးကွက်မှာ ဟိုပုံးဒေသအနီးတစ်ဝိုက်မှ ထွက်တဲ့ချင်း(ဥမ)တွေအဝင် ရှိနေပါတယ်။အရောင်းအဝယ်ကတော့ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ် ကအနည်းငယ်သာအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ မိုးများတာကြောင့် ယခင်တစ်ပတ်ကလောက်တော့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရှိရပါတယ်။ ချင်း ပါက်ဈေးကတော့ တစ်ပိသာကို ကျပ် ၂၅၀ ဈေးရှိတယ်လို့ သိရှိရပါတယ်။

  • Agency Ministry of Foreign Affairs
  • Category General