ထိုင်းနိုင်ငံသို့လက်ဖက်ခြောက် ပုံမှန်တင်ပို့

မြန်မာ-ထိုင်း နယ်စပ်ရှိ  တာချီ လိတ်  ကုန်သွယ်ရေးစခန်းမှ ဇူလိုင် ဒုတိယပတ်တွင်  အမေရိကန်  ဒေါ်လာ ၁၇၉၀၁ တန်ဖိုးရှိ  လက်ဖက်ခြောက် ၄၆တန်နီးပါး တင်ပို့ ခဲ့ပါတယ်။  ယခင် သီတင်းပတ်က ၅၆တန်  တင်ပို့ခဲ့လို့ မြန်မာနိုင်ငံမှ  ထွက်ရှိတဲ့  လက်ဖက် ခြောက်တွေကို ထိုင်းနိုင်ငံသို့ ပုံမှန်တင် ပို့နေတာကို တွေ့ရပါတယ်။
လက်ရှိတွင်  အမေရိကန်ဈေး ကွက်သို့  ဈေးကွက်ချဲ့ထွင်နိုင်ရန် လက် ဖက် နမူနာများ  စမ်းသပ်တင်ပို့ထားပြီး အမှာစာများရရှိရန်  စောင့်ဆိုင်းနေ ကြောင်း၊  ဂျာမနီနိုင်ငံမှ  ွှုဇ အဖွဲ့ အစည်း၏  အကူအညီဖြင့်
လက်ဖက် ထုတ်လုပ်တဲ့  နည်းစနစ်များ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊   လက်ဖက် အချိုခြောက်  တန်ချိန်  တစ်သိန်းခွဲခန့် ကို လာမယ့်  နိုဝင်ဘာလတွင် ဂျာမနီ နိုင်ငံသို့  တင်ပို့မှာဖြစ်ကြောင်း  မြန်မာ နိုင်ငံ လက်ဖက်စိုက်ပျိုး  တင်ပို့ ရောင်းချ သူများထံမှ သိရပါတယ်။မော်မော်အောင်

  • Agency Ministry of Foreign Affairs
  • Category General