ငွေချည်-၆-ဝါ ပိုမိုတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ပထမပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၀၈၀ဝ တန်ဖိုးရှိ ငွေချည်-၆-ဝါဂွမ်း ၆၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၃၂ တန်
တင်ပို့ခဲ့တာကြောင့် ယခု တစ်ပတ်မှာ ၃၂ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။
ရမည်းသင်းမြို့နယ်ရှိ ဝါပွဲရုံများ၊ အဝယ်ဒိုင်များအနေဖြင့် အနယ်နယ် အရပ်ရပ်မှ ထွက်ရှိလာတဲ့ဝါတွေကို ဝယ်ယူစုဆောင်းပြီး ဝါဂွမ်းနဲ့ ဝါစေ့အဖြစ် ကြိတ် ခွဲရာမှရရှိတဲ့ ဝါဂွမ်းကိုဖိစက်နဲ့ဖိပြီး စနစ်တကျထုပ်ပိုး
ကာ မန္တလေးရှိစက်ရုံများနဲ့ ပြည်ပဝယ်လက်များသို့ တင်ပို့ရောင်းချကြ တယ်လို့ ဝါကြိတ်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။                                                                 
  မော်မော်အောင်
 

  • Agency Ministry of Foreign Affairs
  • Category General