မူဆယ်နယ်စပ်မှ သကြားဖြူပုံမှန်တင်ပို့

ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉၅၃ သန်း တန်ဖိုးရှိ သကြားဖြူ ၃၄၃၆၅ တန်ခွဲ တင်ပို့ခဲ့ပါ
တယ်။ ယခင်သီတင်းပတ်က ၃၅၈၆၃ တန် တင်ပို့ခဲ့လို့ မူဆယ်နယ်စပ်ကနေ တရုတ်ပြည်သို့ သကြားပုံမှန်တင်ပို့နေတယ် လို့ဆိုရပါမယ်။
တရုတ်နိုင်ငံတွင် ကြံစိုက်တောင်သူများက  တန်ဖိုးကြီးတဲ့ အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးသဖြင့် သကြားအထွက်နှုန်းလျှော့ကျခြင်း၊    မြန်မာနိုင်ငံမှ ျွန နထစသမအ စနစ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများ
မှ တင်သွင်းလျှင် အခွန်နှုန်းသက်သာမှု ရှိခြင်းကြောင့် တရုတ်ကုန်သည်များမှ မြန်မာနိုင်ငံက သကြားကို နေ့စဉ်တန်ချိန် ၃၀ဝ၀ မှ ၅၀ဝ၀ အထိ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။       
 

  • Agency Ministry of Foreign Affairs
  • Category General