မန္တလေးဈေးကွက်သို့ အင်းတော်နှင်းသီးတင်ပို့

အင်းတော်မြို့နယ် ဒေသထွက်ကုန် နှင်းသီးများ မန္တလေးဈေးကွက်သို့ မှန်လုံ ကားကြီးများ နဲ့ တင်ပို့နေတာတွေ့ရပါတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်လမှာ လှိုင်လှိုင် ပေါ်တဲ့ အင်းတော်နှင်းသီးများကို နှင်းသီးကုန်
သည
်များ တစ်ရွာဝင်တစ်ရွာထွက်ဝယ်ယူပြီး ပိဿာငါးဆယ်ခန့် ကွမ်းခြင်းများဖြင့် တင်ပို့ကာ မန္တလေးပွဲရုံများသို့ တင်ပို့လျက်ရှိပါတယ်။ နှင်းသီးပေါက်ဈေးတစ်ပိဝဿာ တစ်ထောင် ကျပ်ရှိတဲ့အတွက် နှင်းသီးစိုက
်မိသားစုများ ဝင်ငွေရနေတာတွေ့ရပါတယ်။
''အင်းတော်မြို့နယ်အနေအထားက လယ်ယာမြေပေါများပေမယ့် ဥယျာဉ်ခြံမြေ နည်းပါး တာတွေ့ရပါတယ်။ နှင်းသီးပင်များကို  ဥယျာဉ်ခြံများမှာ စိုက်ပျိုးထားတာ မဟုတ်ဘဲ အိမ်ဝင်း များမှာ အရိပ်လည်းရ၊
ငွေလည်းရ ဆိုတဲ့သဘောမျိုးနဲ့ စိုက်ထားတာတွေ့ရပါတယ်။ ဆယ်နှစ် သား နှင်းသီးပင်တစ်ပင်ကို အသီးပိဿာချိန် ၅၀ နဲ့ အထက်ထွက်ပါတယ်။ အိမ်တိုင်းလိုလိုမှာ လေးပင် ငါးပင်အနည်းဆုံးရှိကြပါတယ်။
ကုန်သည်ကအပင်တက် အသီးခူးသူကိုငှားရပြီး အိမ်ရှင် လက်ငြိမ်းနဲ့ဝယ်တာပါ၊ နှင်းသီးစိုက်မိသားစုတိုင်း  နှစ်သိန်းကျော် ဝင်ငွေရှိပါတယ်။ အင်းတော် နှင်းသီးက အလုံးလှအသားထူအချိုဓာတ်များလို့ ရောင်
းပန်းလှတယ်။   မန္တလေးနှင်းသီးပွဲရုံကို တစ်ပိဿာ ကျပ် ၂၅၀ဝ နဲ့ ရောင်းရလို့  ကုန်သည်များလည်း အကျိုးအမြတ်ရှိပါတယ်။  မနှစ်က ပိဿာချိန်နှစ်သောင်းကျော် ဝယ်ယူရောင်းချနိုင်ခဲ့ပါတယ်။ ဒီနှစ်လည်း
အထွက်အားကောင်းလို့ မနှစ်ကထက်ပိုပြီး တင်ပို့နိုင်မယ်လို့'' နှင်းသီးကုန်သည်တစ်ဦးက ဆိုပါတယ်။

  • Agency Ministry of Foreign Affairs
  • Category General