စားသုံးသူသုံးစွဲမှုနဲ့ ကုန်သွယ်မှုကျဆင်းမှုကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ပထမသုံးလပတ် စီးပွားရေးဖွံ့ ဖြိုးမှုကို ထိခိုက်

ပြည်တွင်းဝယ်လိုအားအေးလာ ခြင်းနဲ့ ဒေါ်လာတန်ဖိုးခိုင်မာမှုက ပို့ကုန် ကို  ဆက်လက်ကျဆင်းစေတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုက    ပထမသုံးလပတ်မှာ တုံ့ ဆိုင်းနေမယ့်   အလားအလာရှိနေပါ တယ်။ ဒါပေမယ့် အလုပ်သမားဈေး ကွက်မြင့်မားမှုကြောင့် စီးပွားရေးလုပ် ငန်းတွေပြန်လည်မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း ရိုက်တာသတင်း မှာ ဖော်ပြပါတယ်။  ရိုက်တာသတင်း ဌာနကကောက်ယူထားတဲ့စစ်တမ်းအရ စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ရဲ့ နှစ်စဉ်အလိုက်   တိုးတက်နှုန်းက ၂၀၁၅ ခုနှစ်  စတုတ္ထသုံးလပတ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုသုံးလ ပတ်မှာ  သုည ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပါတယ်။
ရေနံဈေးနှုန်း    ကျဆင်းမှုက ရှလမ်ဘာဂါနဲ့   ဟေလီဘတ်တန်တို့လို ရေနံကုမ္ပဏီကြီးများရဲ့   အကျိုးအမြတ် ကိုထိခိုက်စေတဲ့အတွက်   စီးပွားရေး ဖွံ့ဖြိုးမှုကို   ထိခိုက်စေတဲ့အပြင် စီးပွား ရေးလုပ်ငန်းတွေရဲ့   အသုံးစရိတ်ကို အားနည်းကျဆင်းစေပါတယ်။
''စီးပွားရေး     ဒုက္ခရောက်နေ တယ်ဆိုတဲ့သဘောမျိုး      ကျွန်တော် မယူဆပါဘူး။    ပထမသုံးလပတ်မှာ အလုပ် အကိုင်ရရှိမှုက ထူးထူး ခြားခြား တိုးတက်နေပါတယ်။     ယခင်လက ပြုလုပ်ခဲ့တဲ့  စစ်တမ်းတွေအရ  ဒုတိယ သုံးလပတ်မှာလည်း စီးပွားရေး ပိုမိုတိုးတက်ခိုင်မာလာလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်''လို့  တိုရန်တိုမြို့ရှိ Capital Economics ျ မှအမေရိကန် စီးပွားရေး ပညာရှင်ပေါလ်အက်ရှဝပ် ကပြောပါ တယ်။
ဧပြီ ၂၇ ရက်ကကျင်းပတဲ့ မူဝါဒ အစည်းအဝေးနောက်ပိုင်း အမေရိကန် ဗဟိုဘဏ်က   အမေရိကန်စီးပွားရေး လုပ်ငန်းတွေနှေးကွေးနေတာကို အသိ အမှတ်ပြုခဲ့ပြီး အလုပ်သမားဈေးကွက် အခြေအနေက    တိုးတက်မှုရှိတယ်လို့ သုံးသပ်ပါတယ်။

  • Agency Ministry of Foreign Affairs
  • Category General