မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

ဂျပန်ဗဟိုဘဏ်က   ငွေကြေး မူဝါဒကိုမပြောင်းမလဲထားပြီး၊ ဘွန်းစာ ချုပ်ဝယ်ယူမှု   အပါအဝင် စီးပွားရေး လှုံ့ဆော်အားပေးမှုအစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်မယ့်    အလားအလာကို             မတွေ့ရတော့တဲ့နောက်ပိုင်းရင်းနှီးမြှုပ် နှံသူတွေက   အမေရိကန်ဒေါ်လာကို ပြန်လည်ရောင်းချလာကြတာ  တွေ့ ရပါတယ်။ ဒါကြောင့် ဧပြီ ၂၈ ရက်မှာ ဒေါ်လာနဲ့ဖလှယ်တဲ့အခါ  ထွန်းသစ်စ အာရှငွေကြေးတန်ဖိုးမြင့်တက်လာခဲ့ပါ တယ်။
အခြားငွေကြေး   ခြောက်ခုနဲ့ ဖလှယ်ရာမှာ အမေရိကန်ဒေါ်လာရဲ့ စွမ်းဆောင်ရည်ကိုပြသတဲ့    ဒေါ်လာ အညွှန်းကိန်း  (Dollar Index) က တစ် ပတ်အတွင်းအနိမ့်ဆုံးနှုန်းကို ကျဆင်း ခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်က လည်း အတိုးနှုန်းကိုဇွန်လမှာ မြှင့်တင် မယ့်အလားအလာရှိနေပေမယ့် အတိုး နှုန်းမြှင့်တင်မှုကို အဆောတလျင်ပြု လုပ်မှာမဟုတ်ကြောင်း ဧပြီ ၂၇ ရက်က ပြသလာပြီးနောက်ပိုင်း      ဒေါ်လာ အညွှန်းကိန်းကို   ထိခိုက်မှုရှိလာပါ တယ်။
အမေရိကန်နဲ့ ဂျပန်ဗဟိုဘဏ် တွေက မူဝါဒဆုံးဖြတ်ချက်တွေမချမီက မူအမေရိကန်ဗဟိုဘဏ်က    အတိုး နှုန်းကို မြှင့်တင်မယ်၊ ဂျပန်ဗဟိုဘဏ်က ငွေကြေးလှုံ့ဆော်   တွန်းအားပေးမှုကို ထပ်မံပြုလုပ်မယ်လို့  ယူဆပြီး ရင်းနှီး မြှုပ်နှံသူတွေက ဒေါ်လာကိုစုပြီး အာရှ ငွေကြေးတွေကို   ထုတ်ရောင်းခဲ့လို့ တန်ဖိုးကျဆင်းခဲ့ပါတယ်။   ဒါပေမယ့် ဆုံးဖြတ်ချက်များ      ထွက်ပေါ်ပြီး နောက်ပိုင်းမှာ  အာရှငွေကြေးအများ စုတန်ဖိုးမြင့်တက်ခဲ့ပါတယ်။
တရုတ်ယွမ်
ဧပြီ ၂၉ ရက်မှာတရုတ်နိုင်ငံဗဟို ဘဏ်က ဒေါ်လာနဲ့ယွမ်ငွေကြေးရဲ့          ပျမ်းမျှဖလှယ်နှုန်းကို တစ်ဒေါ်လာလျှင်  ၆ ဒသမ ၄၅၈၉ ယွမ်နှုန်းသတ်မှတ်ခဲ့ ပါတယ်။ တန်ဖိုး  တိုးတက်မှုနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀ဝ၅ ခုနှစ် ဇူလိုင်နောက်ပိုင်း   ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ ယခု ဆောင်ရွက်မှုက  ဗဟိုဘဏ်ရည်ညွှန်း နှုန်းကို ပင်လယ်ရပ်ခြား  ငွေလဲနှုန်းနဲ့ အညီဆောင်ရွက်မယ်ဆိုတဲ့  ရည်မှန်း ချက်အတိုင်း  ဆောင်ရွက်ခဲ့တာ ဖြစ် ပါတယ်။   ဗဟိုဘဏ်က     ရည်ညွှန်း ဖလှယ်နှုန်း သတ်မှတ်ပြီးနောက်ပိုင်း ပင်လယ်ရပ်ခြား    ယွမ်ဖလှယ်နှုန်းက အပြောင်း အလဲအနည်းငယ်သာဖြစ်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၄၈၃၄ ယွမ် နှုန်းရှိခဲ့ပါ တယ်။
အိန္ဒိယရူပီး
အိန္ဒိယပြည်တွင်းသို့    ရန်ပုံငွေ တွေ    တိုးတက်ဝင်ရောက်လာတဲ့ အတွက်   ပို့ကုန်လုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာ  ထုတ်ရောင်းလာ ကြပါတယ်။ ဒါကြောင့် ဧပြီ ၂၉ ရက် နံနက်ပိုင်းမှာ   အမေရိကန်ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ  ရူပီးတန်ဖိုးက သုည ဒသမ ဝ၇ ရူပီးနှုန်း  မြင့်တက်ပြီး တစ် ဒေါ်လာကို ၆၆ ဒသမ ၄၅ ရူပီးနှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံပြင်ပ ဈေးကွက်တွေမှာ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းမှုကလည်း    ရူပီးတန်ဖိုး မြင့်တက်ဖို့   အထောက်အကူဖြစ်စေခဲ့ ကြောင်း   ဝယ်ရောင်းသမားတွေက ပြောပါတယ်။
ဂျပန်ယန်း
ဂျပန်ဗဟိုဘဏ်က     ငွေကြေး မူဝါဒကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ချက်က ရင်းနှီးမြှုပ်နှံသူတွေကို အံ့အားသင့်သွားစေတဲ့အတွက် ဧပြီ ၂၈ ရက်မှာ အဓိကငွေကြေးတွေနဲ့ ဖလှယ် တဲ့အခါ အမေရိကန်ဒေါ်လာ  တန်ဖိုး ကျဆင်းပြီး ယန်းငွေနဲ့ဖလှယ်ရာမှာ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။
နယူးယောက်ဈေးကွက်မှာ ယူရို နဲ့ အမေရိကန်ဒေါ်လာ ဖလှယ်နှုန်းက ယခင်နေ့က    တစ်ယူရိုကို ၁ ဒသမ ၁၃၂၁ ဒေါ်လာနှုန်းရှိခဲ့ရာမှ ဧပြီ ၂၈ ရက်မှာ ၁ ဒသမ ၁၃၅၀ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။     အမေရိကန်ဒေါ်လာနဲ့ ယန်းဖလှယ်နှုန်းက ယခင်နေ့ကရှိခဲ့တဲ့ ၁၁၁ ဒသမ ၅၂ ယန်းနှုန်းအောက်ကျ ဆင်းပြီး ၁၀၈ ဒသမ ၁၀ ယန်းနှုန်းရှိခဲ့ပါ တယ်။
မလေးရှားရင်းဂစ်
ရင်းနှီးမြှုပ်နှံသူတွေက ရင်းဂစ် အပါအဝင်ထွန်းသစ်စ    ငွေကြေးတွေ အပေါ်ကို   ယုံကြည်မှုပိုမိုလာတဲ့ အတွက် ဧပြီ ၂၉ ရက်ဈေးအဖွင့်မှာ ရင်းဂစ်တန်ဖိုး    မြင့်တက်လာကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ်ဖလှယ် နှုန်းက ဧပြီ ၂၈ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၈၉၄၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ ဧပြီ ၂၉ ရက်နံနက် ၉ နာရီ ၂ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၈၈၀ဝ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
ရင်းနှီးမြှုပ်နှံသူတွေက    မော် တော်ကားနဲ့ နည်းပညာကုမ္ပဏီများမှ ရှယ်ယာများကိုပြန်လည်ရောင်းချလာ တဲ့အတွက် ဧပြီ ၂၉ ရက်က  တောင်ကို ရီးယားရှယ်ယာတွေ တန်ဖိုးကျဆင်းခဲ့ ပါတယ်။ ငွေကြေးဈေးကွက်မှာ အမေ ရိကန်ဒေါ်လာနဲ့   တောင်ကိုရီးယား ဝမ် ဖလှယ်နှုန်းက   တစ်ဒေါ်လာကို ၁၁၃၉ ဒသမ ၃၀ ဝမ်နှုန်းရှိခဲ့တဲ့အတွက် ဧပြီ ၂၈ ရက် ကရှိခဲ့တဲ့ဖလှယ်နှုန်း အောက် ၁ ဒသမ ၁ ဝမ်နှုန်းကျဆင်း ပါတယ်။
ထိုင်းဘတ်
အမေရိကန်ဒေါ်လာနဲ့ဖလှယ် ရာမှာ အခြားအာရှငွေကြေးများနည်း တူ ဘတ်ငွေတန်ဖိုးကလည်း မြင့်တက် ခဲ့ပါတယ်။ ရိုက်တာသတင်းဌာနကပြုစု ထားတဲ့ ကိန်းဂဏန်းများအရ အမေ ရိကန်ဒေါ်လာနဲ့ ဘတ်ငွေဖလှယ်နှုန်း က ယခင်နေ့ကထက် သုည ဒသမ ၂၆ ရာခိုင်နှုန်းမြင့်တက်ပြီး ဧပြီ ၂၉ ရက်မှာ တစ်ဒေါ်လာကို  ၃၄ ဒသမ ၉၃ ဘတ် နှုန်းရှိခဲ့ပါတယ်။

  • Agency Ministry of Foreign Affairs
  • Category General