စစ်တွေကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များလျော့နည်းတင်ပို့

စစ်တွေကုန်သွယ်ရေး စခန်း အနေဖြင့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း ရေချို ငါးတင်ပို့မှု မရှိပေမယ့်လည်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်း တန်ဖိုးရှိ ငါးနီတူခြောက် လေးတန်နဲ့ ငါးစုံလေးခြောက် ခုနစ် တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၆ သန်း တန်ဖိုးရှိ ငါးနီတူခြောက် ကိုးတန်နဲ့ ငါးစုံလေးခြောက် ၁၃တန် ကို တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၅ သန်း လျော့နည်းတင်ပို့ခဲ့တယ် လို့ သိရပါတယ်။
စစ်တွေကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်တို့ အပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၀သန်း တန်ဖိုးရှိ မန်ကျည်း စေ့၊ ဆီးယိုထုတ်၊ ဆီးဖတ်၊ ချင်း (အစို)နဲ့ နနွင်းတက်တို့ကို ၂၄၂ တန် တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။         ခင်မိုးသူ
 

Agency Ministry of Foreign Affairs
Category General