Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
TBT အကြောင်းပြချက်ဖြင့် ဓာတုပစ္စည်းများတင်သွင်းခြင်းကို တားမြစ်ခြင်း
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၆) သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်များ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) အရ တားမြစ်ထားသည့် ဓာတုပစ္စည်းများအပေါ် တင်သွင်းခြင်းမှတားမြစ်ထားပါသည်။ ဤအမိန့်ကြော်ငြာစာတွင်ပါရှိသည့် ဓာတုပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်မှ တားမြစ်ထားပါသည်။ ဤစီမံဆောင်ရွက်မှု၏ရည်ရွယ်ချက်မှာ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ်ဖြစ်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ်ရန်ဖြစ်ပါသည်။ |
View
|
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန |
Import |
သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ခြင်း
|
ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉) သည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်သွင်းလိုသည့် မည်သူမဆို သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ်သည့်ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၃) သည် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို ပြည်ပမှတင်သွင်းခြင်းပြုလုပ်လိုသူသည် အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးရရှိရေးအတွက် မှတ်ပုံတင်အဖွဲ့သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်-
(က) စမ်းသပ်သုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ခ) ယာယီသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ဂ) အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ဃ) အထူးသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးများအတွက် TBT ဆိုင်ရာဆောင်ရွက်မှုအတွက် အကဲဖြတ်မှု
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ ပုဒ်မ ၁၄၊ ခ၊ ဂ နှင့် အခန်း ၅၊ ပုဒ်မ ၁၇၊ ဂ) သည် အစိုးရမှပေးသော ဝန်ဆောင်မှုအပေါ် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားသူအနေဖြင့် ဓာတ်ခွဲစမ်းသပ်ခနှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်ခတို့ကို မှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ချက်နှင့်အညီပေးဆောင်ရမည်။ လိုင်စင်လျှောက်ထားသူသည် သတ်မှတ်ထားသောလိုင်စင်ခကို ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
|
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးတင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၁၇၊ က၊ ခ၊ ဂ နှင့် ဃ) သည်တင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းသော အဆိပ်ရှိပစ္စည်းကို ပြည်တွင်းတွင် ပိုးသတ်ဆေးအဖြစ်ဖော်စပ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပြည်ပမှတင်သွင်းသည့်ပိုးသတ်ဆေးကို ပြည်တွင်းတွင်ပြန်လည်ထုပ်ပိုးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်းလုပ်ကိုင်လိုခြင်းနှင့် ယင်းတို့မှအပ ပိုးသတ်ဆေးကို လက်လီလက်ကားရောင်းချလိုပါက လိုင်စင်ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းပိုးသတ်ဆေးများအပေါ် စုံစမ်းစစ်ဆေးရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က နှင့် ဍ) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်များအပေါ် စစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိ ပစ္စည်းများရောက်ရှိလာပြီးနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ စစ်ဆေးမှုကို မပျက်မကွက်ခံယူရမည်။ ပိုးသတ်ဆေးလုပ်ငန်းဆောင်ရွက်သည့်အခြေအနေအား စစ်ဆေးရေးမှူးက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကို ခံယူရမည့်အပြင် လိုအပ်သည့် အကူအညီများကိုလည်း ပေးရမည်။ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းလာသည့် ပိုးသတ်ဆေးများကို စမ်းသပ်စစ်ဆေးရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က) သည် သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများနှင့်အညီဖြစ်စေရန် ကုန်စည်အပေါ်စမ်းသပ်စစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများရောက်ရှိလာပြီးနောက် ပိုးသတ်ဆေးများ၏အရည်အသွေးစစ်ဆေးရန်အတွက် နမူနာရယူရန် သတ်မှတ်သည့်နည်းလမ်း အတိုင်းသတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို စစ်ဆေးရေးမှူးအား အခမဲ့ရယူခွင့်ပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းပိုးသတ်ဆေးများ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းတို့အပေါ် TBT စည်းမျဉ်းသတ်မှတ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ခ) သည် ကုန်စည်အလိုက် သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်မှုနှင့် သိုလှောင်မှုအခြေအနေများတွင်ရှိနေစေရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူအနေဖြင့် ပိုးသတ်ဆေးများကို မှတ်ပုံတင်အဖွဲ့ကထုတ်ပြန်သည့် လမ်းညွှန်ချက်အတိုင်း အန္တရာယ်ကင်းရှင်းစွာကိုင်တွယ်စေခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးဖြန့်ဖြူးရောင်းချခြင်း
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ဂ) သည် ကုန်စည်များ၏အချက်အလက်များထိန်းသိမ်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူသည် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရာတွင် လိုင်စင်ရရှိသူများကိုသာ ရောင်းချခြင်း၊ အရောင်းပြေစာထားရှိခြင်း၊ ပိုးသတ်ဆေးအမျိုးအစားအလိုက် အရောင်းမှတ်ပုံတင်ဖွင့်လှစ်၍ ရေးသွင်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |