ပိုးသတ်ဆေးသုံးစွဲခွင့်မှတ်ပုံတင်ရန် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်ရန်လျှောက်လွှာ (ပုံစံ - ၁)
ကုမ္ပဏီများမှ မှတ်ပုံတင်လျှောက်ထားရာတွင် သတ်မှတ်ထားသော လျှောက်လွှာ ပုံစံ(၁)တွင် ပြည်စုံစွာဖြည့်စွက်ကာ-
- ပိုးသတ်ဆေးနှင့်ပတ်သက်၍ နည်းပညာအချက်အလက်များ
- အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့် ပြန်ဆိုထားသည့် တံဆိပ်(အညွှန်းစာ)
- အရည်အသွေးစစ်ဆေးရန်ပိုးသတ်ဆေးနမူနာနှင့်အတူအောက်ပါအချက်အလက်များကိုပူးတွဲပေးပို့ရမည်။
-(က)ဖော်စပ်ပြီးပိုးသတ်ဆေးနမူနာ ၂၅၀ စီစီ (သို့)၂၅၀ဂရမ် (ခ)Analytical Standard စံပိုးသတ်ဆေး( 2*1 gm )(ဂ)Active Ingredientတစ်ခုထက်ပိုပါကသီးခြားတစ်ခုချင်းအလိုက်ပေးပို့ရမည်။Certificate of Analysis (Chromatography)စက်ရုံထုတ်အဆင့်ရှိအဆိပ်ရှိပစ္စည်းနမူနာတို့ကိုပူးတွဲတင်ပြပေးပို့ရပါမည်။
(ဃ)ပိုးသတ်ဆေးဖေါ်စပ်ရာတွင်အသုံးပြုသည့်စက်ရုံထုတ်အဆင့်ပိုးသတ်ဆေး(Technical Grade) ၂၅ ဂရမ်ပေးပို့ရမည်။(င)စက်ရုံထုတ်အဆင့်အဆိပ်ရှိပစ္စည်းတွင်ပါဝင်သည့်အဆိပ်အတောက်ဖြစ်စေနိုင်သောမသန့်စင်သည့်ပစ္စည်းများ(သို့)အစွမ်းမဲ့ပစ္စည်းများတိုင်းတာစစ်ဆေးနိုင်ရန်အတွက် ယင်းတို့၏စံနမူနာ ၀.၅ ဂရမ်ပေးပို့ရမည်။ ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရာတွင် အသုံးပြုသည့် Gas Chromatography(GC) HPLC Column များကိုပေးပို့ရမည်။
အဖွဲ့အစည်း | စိုက်ပျိုးရေးဦးစီးဌာန |
ကဏ္ဍ | Import/Export |
ပြင်ဆင်သည့်ရက် | 2018-07-11 14:28:52 |
This form is used in the following procedure(s).
Procedure Name | အကျဉ်းချုပ် | View Procedure Detail with Relevant Forms |
---|---|---|
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း | ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများအား မှတ်ပုံတင်ခြင်း ကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တွင် လျှောက်ထားခြင်း | ကြည့်ရန် |
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ | ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်ထားခြင်း။ | ကြည့်ရန် |
ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ | ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်ပို့ခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်ထားခြင်း။ | ကြည့်ရန် |
Related Documents
ဖိုင်အမည် | ဘာသာစကား | ဖိုင်အရွယ်အစား | ဒေါင်းလုပ် |
---|---|---|---|
ပိုးသတ်ဆေးမှတ်ပုံတင် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်လက်မှတ် (ပုံစံ -၂) | Myanmar | 32.86kB | file_downloadဒေါင်းလုပ် |