ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းထောက်ခံချက်လက်မှတ်ရရှိရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ
ကဏ္ဍ | Import |
ပုံ | |
အကျဉ်းချုပ် | ပိုးသတ်ဆေး (သို့) အဆိပ်ရှိပစ္စည်းများတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတွင် လျှောက်ထားခြင်း။ |
အကြောင်းအရာ | စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ အဆင့်(၁) (၁)လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူ အသိအမှတ်ပြုကဒ်ပြား မိတ္တူ အဆင့်(၂) ၁။ သက်ဆိုင်ရာတင်သွင်းသူမှလျှောက်လွှာပုံစံတွင်ဖြည့်စွက်၍ပူးတွဲလျှောက်ထားတင်ပြရန် လိုအပ်သောအချက်အလက်များအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှစိစစ်မည်ဖြစ်ပါသည်။ |
ပုံစံများ
The following form/s are used in this procedure.
ခေါင်းစဉ် | အကြောင်းအရာ | ကဏ္ဍ | အဖွဲ့အစည်း |
---|---|---|---|
ပိုးသတ်ဆေးသုံးစွဲခွင့်မှတ်ပုံတင်ရန် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်ရန်လျှောက်လွှာ (ပုံစံ - ၁) | ကုမ္ပဏီများမှ မှတ်ပုံတင်လျှောက်ထားရာတွင် သတ်မှတ်ထားသော လျှောက်လွှာ ပုံစံ(၁)တွင် ပြည်စုံစွာဖြည့်စွက်ကာ- - ပိုးသတ်ဆေးနှင့်ပတ်သက်၍ နည်းပညာအချက်အလက်များ - အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့် ပြန်ဆိုထားသည့် တံဆိပ်(အညွှန်းစာ) - အရည်အသွေးစစ်ဆေးရန်ပိုးသတ်ဆေးနမူနာနှင့်အတူအောက်ပါအချက်အလက်များကိုပူးတွဲပေးပို့ရမည်။ -(က)ဖော်စပ်ပြီးပိုးသတ်ဆေးနမူနာ ၂၅၀ စီစီ (သို့)၂၅၀ဂရမ် (ခ)Analytical Standard စံပိုးသတ်ဆေး( 2*1 gm )(ဂ)Active Ingredientတစ်ခုထက်ပိုပါကသီးခြားတစ်ခုချင်းအလိုက်ပေးပို့ရမည်။Certificate of Analysis (Chromatography)စက်ရုံထုတ်အဆင့်ရှိအဆိပ်ရှိပစ္စည်းနမူနာတို့ကိုပူးတွဲတင်ပြပေးပို့ရပါမည်။ (ဃ)ပိုးသတ်ဆေးဖေါ်စပ်ရာတွင်အသုံးပြုသည့်စက်ရုံထုတ်အဆင့်ပိုးသတ်ဆေး(Technical Grade) ၂၅ ဂရမ်ပေးပို့ရမည်။(င)စက်ရုံထုတ်အဆင့်အဆိပ်ရှိပစ္စည်းတွင်ပါဝင်သည့်အဆိပ်အတောက်ဖြစ်စေနိုင်သောမသန့်စင်သည့်ပစ္စည်းများ(သို့)အစွမ်းမဲ့ပစ္စည်းများတိုင်းတာစစ်ဆေးနိုင်ရန်အတွက် ယင်းတို့၏စံနမူနာ ၀.၅ ဂရမ်ပေးပို့ရမည်။ ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရာတွင် အသုံးပြုသည့် Gas Chromatography(GC) HPLC Column များကိုပေးပို့ရမည်။ | Import/Export | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးမှတ်ပုံတင် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်လက်မှတ် (ပုံစံ -၂) | မှတ်ပုံတင်အဖွဲ့သည် ပုံစံ (၁) ဖြင့် ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခွင့်ပြုပါက ဤပုံစံ (၂) ဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးပါမည်။ | Import/Export | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့် လိုင်စင်လျှောက်လွှာ (ပုံစံ -၃) | ပြည်တွင်းတွင် ပိုးသတ်ဆေးဖော်စပ်ရောင်းချသည့် လုပ်ငန်းကိုလုပ်ကိုင်လိုသူသည် ဤပုံစံ (၃) ကို ပြည့်စုံစွာ ဖြည့်သွင်း၍ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနထံသို့ လျှောက်ထားရမည်။ | License | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့်လိုင်စင် (ပုံစံ-၄) | ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန သည် ပိုးသတ်ဆေးများထုတ်လုပ်ခွင့်၊ ဖော်စပ်ရောင်းချခွင့်လိုင်စင် ကို ဤပုံစံ (၄) ဖြင့် ထုတ်ပေးပါမည်။ | License | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးများပြန်လည်ထုပ်ပိုးရောင်းချခွင့်လျှောက်လွှာ (ပုံစံ-၅) | ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းလာသည့် ပိုးသတ်ဆေးကိုလည်းကောင်း၊ ပြည်တွင်းတွင် ဖော်စပ်ထုတ်လုပ်သည့် ပိုးသတ်ဆေးကိုလည်းကောင်း ပြန်လည်ထုပ်ပိုးရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်လိုသူသည် ဤပုံစံ (၅) ကိုပြည့်စုံစွာဖြည့်သွင်း၍ ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန ထံသို့ လျှောက်ထားရမည်။ | License | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးများပြန်လည်ထုပ်ပိုးရောင်းချခွင့်လိုင်စင် (ပုံစံ-၆) | ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန သည် ပြန်လည်ထုပ်ပိုးရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်လိုသူအတွက် လိုင်စင်ထုတ်ပေးပါက ဤပုံစံ (၆) ဖြင့်လိုင်စင်ထုတ်ပေးပါမည်။ | License | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးများလက်လီ/လက်ကားရောင်းချခွင့်လိုင်စင်လျှောက်လွှာ (ပုံစံ-၇) | ပိုးသတ်ဆေးကို လက်လီလက္ကားရောင်းချလိုသူသည် ပုံစံ (၇) ကို ပြည့်စုံစွာဖြည့်သွင်း၍ သက်ဆိုင်ရာ ခရိုင်ဦးစီးမှူး စိုက်ပျိုးရေးဦးစီးဌာနထံသို့ လျှောက်ထားရမည်။ | License | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးများလက်လီ/လက်ကားရောင်းချခွင့်လိုင်စင် (ပုံစံ-၈) | သက်ဆိုင်ရာခရိုင်ဦးစီးမှူး စိုက်ပျိုးရေးဦးစီးဌာန သည် ပိုးသတ်ဆေးကို လက်လီလက္ကားရောင်းချခွင့်လိုင်စင်ကို ပုံစံ (၈) ဖြင့် ထုတ်ပေးသည်။ | License | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးပေးရန်လျှောက်လွှာ (ပုံစံ-၉) | ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို မပျက်မကွက်စစ်ဆေးမှုများခံယူရန်အတွက် ရယူမည့် နမူနာများနှင့်အတူ ဤပုံစံ (၉) ဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသို့ လျှောက်ထားရမည်။ ပြည်တွင်း၌ ဖော်စပ်ထုတ်လုပ်သော ပိုးသတ်ဆေးလိုင်စင်ရရှိသူ၏ လက်ဝယ်ရှိပိုးသတ်ဆေးများကို ဆန္ဒအလျောက် စစ်ဆေးလိုလျှင် နမူနာရယူရန်သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း သတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်များနှင့်အတူ ပုံစံ (၉) ကို ပင်ဖြည့်သွင်း၍ လျှောက်ထားရမည်။ | Import | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန်နမူနာရယူသည့်လက်မှတ် (ပုံစံ-၁၀) | အရည်အသွေးစစ်ဆေးရန်အတွက် နမူနာရယူရာတွင် သက်ဆိုင်ရာမန်နေဂျာ သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာရယူသည့် လက်မှတ်ကို ပုံစံ (၁၀) ဖြင့် ထုတ်ပေးရမည်။ | Import/Export | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးတွေ့ရှိချက်သက်သေခံလက်မှတ် (ပုံစံ-၁၁) | မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပိုးသတ်ဆေးဓာတ်ခွဲခန်းသည် နမူနာများအပေါ် စစ်ဆေးပြီးနောက် ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို ပုံစံ (၁၁) ဖြင့် ထုတ်ပေးသည်။ | Import/Export | စိုက်ပျိုးရေးဦးစီးဌာန |
ဓာတ်ခွဲစမ်းသပ်ရန် နမူနာ၊ လျှောက်လွှာပုံစံ (ပုံစံ-၁၃) | ရိတ်သိမ်းပြီးဖြစ်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ပမာဏသတ်မှတ်ချက်ထက် ကျော်လွန်ခြင်းရှိ မရှိစစ်ဆေးရန် လိုအပ်လျှင် သက်ဆိုင်ရာမန်နေဂျာ သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာ ရယူရန် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းသတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို ရယူနိုင်သည်။ ထိုသို့ရယူရာတွင် သက်ဆိုင်ရာ မန်နေဂျာ သို့မဟုတ် စစ်ဆေးရေးမှူးက နမူနာရယူသည့် လက်မှတ်ကို ပုံစံ (၁၃) ဖြင့် ထုတ်ပေးရမည်။ | Import/Export | စိုက်ပျိုးရေးဦးစီးဌာန |
ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးတွေ့ရှိချက်လက်မှတ် (ပုံစံ-၁၄) | ပုံစံ (၁၂) ဖြင့် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ စစ်ဆေးမှုပြီးနောက် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု စစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို ပုံစံ (၁၄) ဖြင့်ထုတ်ပေးရမည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပိုသတ်ဆေးဓာတ်ခွဲခန်းသည် ပုံစံ (၁၃) အားစစ်ဆေးပြီးနောက်လည်း ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်ကို ပုံစံ (၁၄) ဖြင့်ထုတ်ပေးပါသည်။ | Import/Export | စိုက်ပျိုးရေးဦးစီးဌာန |