Name |
Type |
Description |
Legal Documents |
Agency |
Export/Import |
သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်ခြင်း
|
ကျင့်သုံးဆောင်ရွက်မှုများအပြင် အလိုအလျောက်မဟုတ်သောလိုင်စင်စနစ်၊ ပမာဏကန့်သတ်မှုများ၊ တားမြစ်ချက်များနှင့် အရေအတွက်ထိန်းချုပ်စီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉) သည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ဤကုန်စည်ကိုတင်သွင်းလိုသည့် မည်သူမဆို သွင်းကုန်လိုင်စင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ဤစီမံဆောင်ရွက်မှု၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာသဘောတူညီချက်များနှင့်လိုက်လျောညီထွေဖြစ်သည့်ကုန်သွယ်မှုဖြစ်စေရန် ဖြစ်ပါသည်။ |
View
|
ကုန်သွယ်ရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ အပိုဒ် ၁၃) သည် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းကို ပြည်ပမှတင်သွင်းခြင်းပြုလုပ်လိုသူသည် အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုးရရှိရေးအတွက် မှတ်ပုံတင်အဖွဲ့သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်-
(က) စမ်းသပ်သုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ခ) ယာယီသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ဂ) အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
(ဃ) အထူးသုံးစွဲခွင့်မှတ်ပုံတင်လက်မှတ်
ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးများအတွက် TBT ဆိုင်ရာဆောင်ရွက်မှုအတွက် အကဲဖြတ်မှု
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၄၊ ပုဒ်မ ၁၄၊ ခ၊ ဂ နှင့် အခန်း ၅၊ ပုဒ်မ ၁၇၊ ဂ) သည် အစိုးရမှပေးသော ဝန်ဆောင်မှုအပေါ် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးမှတ်ပုံတင်လျှောက်ထားသူအနေဖြင့် ဓာတ်ခွဲစမ်းသပ်ခနှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်ခတို့ကို မှတ်ပုံတင်အဖွဲ့မှ သတ်မှတ်ချက်နှင့်အညီပေးဆောင်ရမည်။ လိုင်စင်လျှောက်ထားသူသည် သတ်မှတ်ထားသောလိုင်စင်ခကို ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
|
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးတင်သွင်းသူများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၅၊ ပုဒ်မ ၁၇၊ က၊ ခ၊ ဂ နှင့် ဃ) သည်တင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းသော အဆိပ်ရှိပစ္စည်းကို ပြည်တွင်းတွင် ပိုးသတ်ဆေးအဖြစ်ဖော်စပ်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပြည်ပမှတင်သွင်းသည့်ပိုးသတ်ဆေးကို ပြည်တွင်းတွင်ပြန်လည်ထုပ်ပိုးရောင်းချသည့် လုပ်ငန်းလုပ်ကိုင်လိုပါက သို့မဟုတ် ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်းလုပ်ကိုင်လိုခြင်းနှင့် ယင်းတို့မှအပ ပိုးသတ်ဆေးကို လက်လီလက်ကားရောင်းချလိုပါက လိုင်စင်ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းပိုးသတ်ဆေးများအပေါ် စုံစမ်းစစ်ဆေးရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က နှင့် ဍ) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်များအပေါ် စစ်ဆေးရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိ ပစ္စည်းများရောက်ရှိလာပြီးနောက် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ စစ်ဆေးမှုကို မပျက်မကွက်ခံယူရမည်။ ပိုးသတ်ဆေးလုပ်ငန်းဆောင်ရွက်သည့်အခြေအနေအား စစ်ဆေးရေးမှူးက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကို ခံယူရမည့်အပြင် လိုအပ်သည့် အကူအညီများကိုလည်း ပေးရမည်။ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းလာသည့် ပိုးသတ်ဆေးများကို စမ်းသပ်စစ်ဆေးရန်လိုအပ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ က) သည် သတ်မှတ်ထားသည့် စည်းမျည်းစည်းကမ်းများနှင့်အညီဖြစ်စေရန် ကုန်စည်အပေါ်စမ်းသပ်စစ်ဆေးရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများရောက်ရှိလာပြီးနောက် ပိုးသတ်ဆေးများ၏အရည်အသွေးစစ်ဆေးရန်အတွက် နမူနာရယူရန် သတ်မှတ်သည့်နည်းလမ်း အတိုင်းသတ်မှတ်ထားသည့် နမူနာအရေအတွက် သို့မဟုတ် အလေးချိန်ကို စစ်ဆေးရေးမှူးအား အခမဲ့ရယူခွင့်ပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တင်သွင်းပိုးသတ်ဆေးများ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ခြင်းတို့အပေါ် TBT စည်းမျဉ်းသတ်မှတ်ချက်
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ခ) သည် ကုန်စည်အလိုက် သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်မှုနှင့် သိုလှောင်မှုအခြေအနေများတွင်ရှိနေစေရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူအနေဖြင့် ပိုးသတ်ဆေးများကို မှတ်ပုံတင်အဖွဲ့ကထုတ်ပြန်သည့် လမ်းညွှန်ချက်အတိုင်း အန္တရာယ်ကင်းရှင်းစွာကိုင်တွယ်စေခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
ပိုးသတ်ဆေးဖြန့်ဖြူးရောင်းချခြင်း
|
ကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးများ |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၃၀၊ ဂ) သည် ကုန်စည်များ၏အချက်အလက်များထိန်းသိမ်းခြင်းကို ဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပိုးသတ်ဆေးတင်သွင်းသူသည် ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရာတွင် လိုင်စင်ရရှိသူများကိုသာ ရောင်းချခြင်း၊ အရောင်းပြေစာထားရှိခြင်း၊ ပိုးသတ်ဆေးအမျိုးအစားအလိုက် အရောင်းမှတ်ပုံတင်ဖွင့်လှစ်၍ ရေးသွင်းခြင်းပြုရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူနှင့် ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးအန္တရာယ်မှကာကွယ်ပေးရန်ဖြစ်ပါသည်။ |
View
|
စိုက်ပျိုးရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများနှင့်စပ်လျဉ်း၍ အခကြေးငွေပေးဆောင်ခြင်း (ဆေးဝါး)
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၆၊ ပုဒ်မ ၁၃၊ က) သည် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှ တင်သွင်းသူသည် သတ်မှတ်ထားသည့် အခကြေးငွေများ ပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများ တင်သွင်းမှုအတွက် အတည်ပြုချက်ရယူရန်လိုအပ်ချက် (ဆေးဝါး)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၅၊ ၁၀) သည် ကုန်စည်တင်သွင်းမှုအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာကို ပြည်ပမှတင်သွင်းသူသည် တင်သွင်းမည့်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနသို့ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားခြင်းမပြုမီ တင်သွင်းခွင့်ရရှိရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထား၍ ထောက်ခံချက်လက်မှတ် ရယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်အစာများကို စစ်ဆေးရန်လိုအပ်ချက် (ဆေးဝါး)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (ပုဒ်မ ၅၊ ခ) သည် တင်သွင်းနိုင်ငံအနေဖြင့် ကုန်စည်တင်သွင်းမှုမပြုမီ ကုန်စည်အပေါ် စစ်ဆေးမှုဆောင်ရွက်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်း သို့မဟုတ် တိရိစ္ဆာန်အစာကို ပြည်ပမှ တင်သွင်းသူသည် ဦးစီးဌာန၏ စစ်ဆေးမှုကို ခံယူရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများအတွက် သက်ဆိုင်ရာဌာနမှ အတည်ပြု ချက်ရယူရန်လိုအပ်ချက် (ဆေးဝါး)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃ (က)၊ ပုဒ်မ ၉ (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၈ (ခ)) တို့သည် ကုန်စည်များမတင်သွင်းမီ သက်ဆိုင်ရာဌာနမှ အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို ပြည်တွင်းသို့ တင်သွင်းလိုသူသည် ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းခွင့် လိုင်စင် သို့မဟုတ် ပါမစ်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတွင် လိုင်စင် သို့မဟုတ် ပါမစ်လျှောက်ထားရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် သဘောထားမှတ်ချက် လျှောက်ထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများအတွက် ကျန်းမာရေးထောက်ခံချက်ရယူရန် (ဆေးဝါး)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၃(ခ)၊ အခန်း ၂၊ ပုဒ်မ ၁၂ (ခ)) သည် တင်သွင်းနိုင်ငံအနေဖြင့် တင်သွင်းကုန်စည်များအတွက် ကျန်းမာရေးထောက်ခံချက် လိုအပ်ကြောင်းဖောပြထားပါသည်။ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို တင်သွင်းလိုသူသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားရာတွင် တင်သွင်းမည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာတွင် ဦးစီးဌာနက သတ်မှတ်ထားသည့် ကူးစက် ရောဂါကင်းရှင်းကြောင်း တင်ပို့မည့်နိုင်ငံ၏ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသည့် တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် သို့မဟုတ် ထောက်ခံချက်ကို တင်ပြရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို သတ်မှတ်ထားသည့် အကောက်ခွန်စခန်းမှသာသယ်ဆောင်ခြင်း (ဆေးဝါး)
|
သင်္ဘောမတင်မီကြိုတင်စစ်ဆေးခြင်းနှင့် အခြားသောဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၄ (က) နှင့် အခန်း ၂၊ ပုဒ်မ ၁၃ (က)) သည် စစ်ဆေးရေးအတွက် တင်သွင်းမှုများကို သတ်မှတ်ဝင်ပေါက် သို့မဟုတ် အကောက်ခွန် ရုံးများမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းလိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသည့် လေဆိပ်၊ သင်္ဘောဆိပ် သို့မဟုတ် စစ်ဆေးရေးစခန်းမှသာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများအပေါ် ရောဂါပိုးမွှားကင်းစင်ကြောင်းဆောင်ရွက်ချက် (ဆေးဝါး)
|
လူ၊ တိရိစ္ဆာန်နှင့်အပင်တို့၏ ကျန်းမားရေးနှင့်ပိုမွှားရောဂါကင်းစင်သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်မှု |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (က) (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ခ) (ဂ) ) သည် တိရစ္ဆာန်များနှင့် ယင်း၏ ထွက်ကုန်များကို ရောဂါပိုးမွှားပျံ့နှံ့ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့ရောက်ရှိသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလအတွင်း သီးခြားခွဲခြားထားရန် လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်တင်သွင်းသူသည် ဦးစီးဌာန၏စစ်ဆေးမှုကို ခံယူရန်အလို့ငှာ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို ခွင့်ပြုထားသောလမ်းကြောင်းအတိုင်း၊ သတ်မှတ်ထားသည့် နေရာသို့ သယ်ဆောင်ပြီး သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ သီးသန့်ခွဲခြားထားရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |
တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်သွင်းမှုအပေါ် အခကြေးငွေကောက်ခံခြင်း (ဆေးဝါး)
|
ထပ်ဆောင်းအခွန်များနှင့်အခများအပါအဝင် စျေးနှုန်းထိန်းချုပ်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများ |
ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၇ (ဂ) နှင့် အခန်း ၂၊ ပုဒ်မ ၁၆ (ဃ)) သည် ကုန်စည်များအတွက် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပမှ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို တင်သွင်းသူသည် အဆိုပါ ကုန်စည်များကို သီးသန့်ခွဲခြားထားရှိရန် သတ်မှတ်ထားသည့်နေရာတွင် သတ်မှတ်ထားသည့် ကာလ အပိုင်းအခြားအထိထားရှိရာတွင် တိရစ္ဆာန်ကို ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်းနှင့် လိုအပ်ချက်အရဆောင်ရွက်ရသည့် အခြားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပိုးသတ်သန့်စင်ခြင်းနှင့် လိုအပ်ချက်အရ ဆောင်ရွက်သော အခြားလုပ်ငန်းများအတွက် သတ်မှတ်ထားသည့် အခကြေးငွေများကိုပေးဆောင်ရမည်။ ရည်ရွယ်ချက်မှာ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားသည့်အခါ စနစ်တကျ ထိန်းချုပ်နိုင်ရန်ဖြစ်ပါသည်။ |
View
|
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
Import |