ASEAN IPR Action Plan Deliverable 9.5 Feasibility Study on ASEAN Patent System အတွက် Demand Side Survey နှင့်စပ်လျဉ်း၍ လိုအပ်သော အချက်အလက်များကို စိတ်ပါဝင်စားသူ မည်သူမဆို ဖြေကြားနိုင်ပါရန်

ASEAN IPR Action Plan 2016-2025 ၏ Deliverable 9.5 အရ Feasibility Study on ASEAN Patent System ကို ASEAN Working Group on IP Cooperation (AWGIPC) နှင့် Patent Task Force (Patent- TF) တို့ ဦးဆောင်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ ထောက်ပံ့မှုဖြင့် မူပိုင်ခွင့်အကာအကွယ်ပေးမှုမြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်စေပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အာဆီယံအဖြစ် ဒေသတွင်းချမှတ်ထားသော လမ်းစဉ်နှင့်အညီ အာဆီယံတီထွင်မှုမူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိပါသည်။

 အဆိုပါ Demand side survey ဖြေဆိုခြင်းအားဖြင့် အာဆီယံနိုင်ငံများအတွက် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုများ ချဲ့ထွင်ရာတွင် အပြန်အလှန်အထောက်အပံ့ပေးနိုင်မည့် တီထွင်မှုမူပိုင်ခွင့်စနစ် တစ်ရပ်တည်ထောင်နိုင်မည်ဖြစ်ပြီး  မြန်မာနိုင်ငံ ရှိ မူပိုင်ခွင့်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ  အာဆီယံ တီထွင်မှုမူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရာတွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။

သို့ပါ၍ ASEAN IPR Action Plan Deliverable 9.5 Feasibility  Study on ASEAN Patent System အတွက် Demand Side Survey နှင့်စပ်လျဉ်း၍ စိတ်ပါဝင်စားသူမည်သူမဆို အောက်ဖော်ပြပါ Link တွင် ၂၃.၁၀.၂၀၂၂ ရက်နေ့နောက်ဆုံးထား၍ ပါဝင်ဖြေကြား ပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

https://surveys.wipo.int/s3/Stakeholder-survey-on-ASEAN-patent-cooperation

         

Agency Department of Trade
Category General