ပြည်တွင်းငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး ကျပ်ရှစ်သိန်းငါးသောင်းကျော်သို့ ရောက်ရှိ

ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ နေ့စဉ်မြင့်တက်လာမှုများ  ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိ ရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက ပြည်တွင်းရွှေဈေးများ မြင့်တက်ခဲ့ သဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်ခဲ့သည့်နည်းတူ ယခင် တစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်ခဲ့သဖြင့် ဈေးကွက်တွင် အရောင်းအဝယ် များ အေးသည်ထက်အေးစက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။
ကမ္ဘာ့ရွှေဈေးကျဆင်းသွားသော်လည်း ပြည်တွင်းငွေလဲနှုန်းများ ဆက်တိုက် မြင့်တက်လာမှုကြောင့် ရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟုဆိုသည်။
]]တကယ်ဆိုရင် ရွှေဈေးကကျလာရမှာ။ ဒေါ်လာဈေးနဲ့ရွှေဈေးက ပြောင်းပြန် အချိုးကျနေတာ။ အခုတော့ ပြည်တွင်းငွေလဲနှုန်းကလည်း တက်လာသလို ရွှေဈေး ကလည်းတက်လာတော့  ဘယ်လိုချိန်ထိုးရမလဲဆိုတာတောင် မသိတော့ဘူး။ ဈေး ကွက်ထဲမှာလည်း ရွှေဈေးက အမြင့်ဆုံးကိုရောက်နေတော့  အရောင်းအဝယ်ကမရှိ တော့ဘူး။ ရောင်းတဲ့သူ အနည်းအကျဉ်းလောက်ပဲရှိတော့တယ်}}ဟု ရွှေကုန်သည် တစ်ဦးကမှတ်ချက်ပြုသည်။
ပြည်တွင်းရွှေဈေးများသည် သြဂုတ် ၁၅ ရက်က ကျပ် ၈၄၇၅၀ဝ ရှိခဲ့ရာမှ သြဂုတ် ၁၈ ရက်တွင် ကျပ် ၈၅၁၀ဝ၀ သို့မြင့်တက်ခဲ့ပြီး သြဂုတ် ၁၉ ရက်တွင် ကျပ် ၈၅၃၅၀ဝ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၁၅ ရက်က ၁၃၃၀ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၁၈ ရက်တွင် ၁၃၅၃ ဒေါ်လာသို့ မြင့်တက် ခဲ့သော်လည်း သြဂုတ် ၁၉ ရက်တွင် ၁၃၄၇ ဒေါ်လာသို့ ပြန်လည်ကျဆင်းခဲ့သည်

Agency Ministry of Foreign Affairs
Category General