-မြဝတီကုန်သွယ်ရေးဇုန်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုတိုးတက်လျက်ရှိ
                                                    
                
	မြဝတီကုန်သွယ်ရေးဇုန်မှ ဇူလိုင်လအတွင်း  ကုန်သွယ်လုပ်ငန်းဆောင်ရွက် နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၁၄၆ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလအောက် လျော့နည်းခဲ့သော်လည်း
	
	ယမန်နှစ်ကာလတူထက်  အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၉၅ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
	ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၃၅ သန်းနဲ့ သွင်းကုန်ပိုင်းတွင်  အမေရိကန်ဒေါ်လာ ၂၁ ဒသမ ဝ၆၀ သန်းပိုမိုဆောင် ရွက်ခဲ့ပြီး ပို့ကုန်ပစ္စည်းများဖြစ်တဲ့ မတ်ပဲ၊
	
	မြေပဲဆန်၊ နှမ်းနက်၊ သရက်သီး၊ နနွင်း တက်၊ သီဟိုဠ်စေ့၊ အုန်းသီးခြောက်၊ ကံ့ကော်ပွင့်ခြောက်၊ ငရုတ်သီးခြောက်၊ ကြက် သွန်ဖြူ၊ ငါးမျိုးစုံ၊ ပုစွန်၊ ငါးရှဉ့်၊ ကင်းမွန်၊ နွယ်ချို၊ ကန့်ချုပ်နီအမြစ်တို့
	
	ပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန်များဖြစ်တဲ့  ဘိလပ်မြေ၊ မော်တော်ယာဉ်နဲ့  မော်တော်ယာဉ်အပိုပစ္စည်းများ၊ လယ်ထွန်စက်များ၊  မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊  စက်ဘီးအပိုပစ္စည်းများ၊ ဝါယာကြိုးများ၊  
	
	အခြားပစ္စည်းများ၊ ဓာတ်မြေသြဇာ၊  ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြားစတဲ့ လုပ်ငန်းသုံးကုန် ကြမ်းများ၊ လူသုံးကုန်ပစ္စည်းများအုပ်စုတွင် ဘက်ထရီခြောက်များ၊  စားအုန်းဆီ၊
	
	အဖျော်ယမကာမျိုးစုံ၊ မျက်မှန်နှင့် အပိုဆက်စပ် ပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခြင်းကြောင့်  ကုန်သွယ်မှုတိုးတက်လာတယ်လို့ မြဝတီ ကုန်သွယ်ရေးဇုန်မှ သိရပါတယ်။
	မြဝတီကုန်သွယ်ရေးဇုန်မှ ဇွန်လအတွင်း အများဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်း များကတော့ မြေပဲဆန်၊ ကြက်သွန်နီ၊  ငရုတ်သီးခြောက်၊  မတ်ပဲ၊ ငါးမျိုးစုံချုပ်ပြီး အဝတ်အထည်၊ ကဏန်း၊ သီဟိုဠ်စေ့၊ ပုစွန်၊
	
	နှမ်းနက်၊ ပဲတီစိမ်းတို့ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းများကတော့ ဆိုင်ကယ်၊ အသစ်ပြန်လည်ပြုပြင် ထားသော   ဏှုဃု ့ဏး  သကြား၊ လယ်ယာသုံးယာဉ်အသစ် ၊အားဖြည့်အချိုရည်၊
	
	လယ်ထွန်စက်၊ လေးဘီးပါထွန်စက်အသစ်၊  ဓာတ်ငွေ့အရော၊  မီနီဘတ်စ်တို့ဖြစ် တယ်လို့ သိရပါတယ်.
                        Agency Ministry of Foreign Affairs
                        
                        Category General