အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (ညွှန်ကြားချက်အမှတ် ၃/၂၀၁၆) သည် ကုန်စည်များမတင်ပို့မီ တင်ပို့နိုင်ငံမှ အသိအမှတ်ပြုလက်မှတ်ရယူရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့လိုသော ရေထွက်ပစ္စည်းများအား အရည်အသွေး စစ်ဆေးရာတွင် (Physical, Micro) စစ်ဆေးပြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ လူတို့စားသုံးရန်သင့်တော်ကြောင်း နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာဖြစ်ကြောင်း အတည်ပြုထောက်ခံချက် ရယူပြီးမှသာ ပြည်ပသို့ တင်ပို့ရမည်။ ရည်ရွယ်ချက်မှာ စားသုံးသူများဘေးဥပါဒ်ကင်းရှင်းရန်ဖြစ်ပါသည်။ |
မှတ်ချက်များ | ညွှန်ကြားချက်အမှတ် ၃/၂၀၁၆ ကို ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | ငါးလုပ်ငန်းဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | ပို့ကုန် |
မှ အတည်ဖြစ်သည် | 2016-06-21 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | ညွှန်ကြားချက်အမှတ် ၃/၂၀၁၆
ရေထွက်ပစ္စည်းများတင်ပို့မှုအတွက် လူတို့စားသုံးရန်သင့်လျော်ကြောင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်ဖြစ်ကြောင်း အတည်ပြုထောက်ခံချက်ရယူပြီးမှသာ တင်ပို့ရန် ကိစ္စ |
နည်းပညာကုဒ် | P183 |
ယူအမ်ကုဒ် |
P183 - Certification required by the exporting country
|
စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ပြင်ဆင်သည့်ရက် |
2018-09-10 15:43:24 |