ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများအား သတ်မှတ်ထုတ်ပြန်ခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၆-၁၁-၁၉၉၉ ရက်စွဲပါ အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်မပြုသည့် ပစ္စည်း ၃၁ မျိုးနှင့် နယ်စပ်ဒေသ များမှ တင်ပို့ခွင့်မပြုသည့် ပစ္စည်း ၃၂ မျိုး သတ်မှတ်ထုတ်ပြန်ခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် ကုန်စည် အချို့အား ဖြေလျှော့တင်ပို့ခွင့်ပြုခဲ့ရာ တင်ပို့ခွင့်မပြုသောပစ္စည်း ၁၅ မျိုးသို့ ပြင်ဆင်သတ်မှတ်ခဲ့ ပါသည်။
အဆိုပါ တင်ပို့ခွင့်မပြုသောပစ္စည်းအချို့အား အမိန့်အမှတ် ၁/၂၀၁၁ နှင့် ၁၄/၂၀၁၄ တို့နှင့် အမိန့် ကြော်ငြာစာအမှတ် ၆၂/၂၀၁၆ ၊ ၄၉/၂၀၁၇ နှင့် ၇/၂၀၁၈ တို့ဖြင့် အသီးသီးဖြေလျှော့တင်ပို့ခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်၍ ယခုအခါ အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ပစ္စည်းများအနက် ပင်လယ်ရေကြောင်းမှလည်းကောင်း ၊ နယ်စပ်ကုန်သွယ်မှုမှလည်းကောင်း၊ လေကြောင်းမှလည်း ကောင်း ပြည်ပသို့တင်ပို့ခွင့်မပြုသော ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သတ်မှတ် ထုတ်ပြန်လိုက်သည်-
တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုပစ္စည်းများ
(က) စိန်
(ခ) ရေနံစိမ်း ၊ (အမိန့် ၁၀/၁၉၉၉ တွင် “ရေနံ”)
တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ
(ဂ) ဆင်စွယ်၊
(ဃ) ဆင် ၊ မြင်း နှင့် ရှားပါးတိရစ္တာန်များ၊
အထွေထွေကုန်ပစ္စည်းများ
(င) လက်နက်ခဲယမ်းမီးကျောက်၊
(စ) ရှေးဟောင်းပစ္စည်းများ ၊
သက်ဆိုင်ရာတည်ဆဲဥပဒေအရ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများသည် ပြည်ပသို့ တင်ခွင့်မပြုသော ပစ္စည်းများသည် ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ် တည်ရှိပါ သည်။
ဤအမိန့်ကြော်ငြာစာဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်စွဲပါ အမိန့်အမှတ် ၁၀/၁၉၉၉ အား လွှမ်းမိုးပယ်ဖျက်လိုက်သည်။
ထုတ်ပြန်သည့်ရက် | 2020-08-17 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ကုန်သွယ်ရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2021-09-28 05:19:37 |