အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၁၈ (ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသောစာရင်း (Export Negative List) ထုတ်ပြန်ခြင်း)
မြန်မာနိုင်ငံ၏ HS Code 2017 အရ 10digit ကုန်စည်လိုင်း စုစုပေါင်း (၃၃၄၅) လိုင်းကို ပို့ကုန်လိုင်စင်ငလျှောက်ထားရန်လိုသည့် စာရင်း (Negative List) အဖြစ်သတ်မှတ်ထုတ်ပြန်လိုက်သည်။ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ ပိတ်ပင်တားမြစ်ထားသောကုန်စည်များနှင့် သီးခြားအမိန့်ကြော်ငြာစာများဖြင့် ထုတ်ပြန်ထားသော ကုန်စည်များများတင်ပို့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၇ အားဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
| ထုတ်ပြန်သည့်ရက် | 2018-02-08 |
| ဥပဒေ အမျိုးအစား | Notification |
| ထုတ်ပြန်သည့်အဖွဲ့ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
| တာဝန်ယူသည့် အဖွဲ့ | ကုန်သွယ်ရေးဦးစီးဌာန |
| ပြင်ဆင်သည့်ရက် | 2018-04-10 05:02:31 |
Related Documents
| ဖိုင်အမည် | ဘာသာစကား | ဖိုင်အရွယ်အစား | ဒေါင်းလုပ် |
|---|---|---|---|
| အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၇ (ပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုအပ်သော စာရင်းအား H.S Code 2017 Version ဖြင့်ထုတ်ပြန်ခြင်း) | Myanmar | 1.18MB | file_downloadဒေါင်းလုပ် |
| အမိန့်ကြော်ငြာစာအမှတ် ၁၁/၂၀၁၄ (ပို့ကုန်လိုင်စင်ဖြေလျောခြင်း ၉၈၃ လိုင်း) | Myanmar | 1.34MB | file_downloadဒေါင်းလုပ် |
| အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၁၃ (ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရယူရန်မလိုဘဲတင်ပို့တင်သွင်းခွင့်ပြုသည့်အမိန့်) | Myanmar | 139.20kB | file_downloadဒေါင်းလုပ် |
| အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၁၃ (ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားရယူရန်မလိုဘဲတင်ပို့တင်သွင်းခွင့်ပြုသည့်အမိန့်) | Myanmar | 3.03MB | file_downloadဒေါင်းလုပ် |