တမူးကုန်သွယ်ရေးစခန်းမှ သရက်သီးများတင်ပို့
 
                                                    
                မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ် ရေးစခန်းမှ လည်း ကန်ဒေါ်လာ ၁၅၃၈၉ တန်ဖိုးရှိ ရွှေဟင်္သာ သရက်သီး ၁၈ တန် ကိုတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တမူး ကုန်သွယ်ရေး စခန်းက တင်ပို့တဲ့ သရက်သီးတွေကေ တာ့ စစ်ကိုင်းတိုင်း ဒေသကြီး ကလေး၊ ဂန့်ဂေါနဲ့ မော်လိုက်ဒေသ များကထွက်ရှိ တဲ့ ရွှေဟင်္သာသရက်မျိုးတွေဖြစ် ကြောင်း၊ သရက်သီးများကို စက္ကူဂျပ်ဖာတွေနဲ့ အစီအရီထည့်ပြီး တမူးကုန်သွယ်ရေးဂိတ် မှတစ်ဆင့်နမ့်ဖာလုံဈေးထဲသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ နမ့်ဖာလုံဈေးမှ တစ်ဖက်နိုင် ငံ မိုရေးက သရက်သီးစားသုံးသူ တွေ လာရောက်ဝယ်ယူကြတာဖြစ်ကြောင်း တမူး ကုန် သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။ ရှမ်းပြည်နယ်ရပ်စောက်မြို့မှာ စိန်တစ်လုံး သရက် သီး အများဆုံးထွက်ရှိတဲ့ ဒေသဖြစ်သလို ရေ၊ မြေ၊ ရာသီဥတု အေနအထားအရ မန္တလေး တိုင်းမှ စိန်တစ်လုံးသရက်သီးများ ကိုလည်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံဒိုင်မှ တစ်ဆ င့် တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချပါတယ်။ တစ်နှစ်ပြီး တစ်နှစ် ပိုမို အထွက်အား ကော င်းလာတာမို့ ဈေးကွက်ကြီးမားတဲ့ တရုတ် ပြည်ဈေးကွက်သို့ အဓိကထား တင်ပို့ရတဲ့အ တွက် မေ ၂၈ ရက်မှ ဇွန် ၃ ရက်တာ သီတင်းပတ် မှာ ကန်ဒေါ်လာ ၁ ဒသမ ၂၁၄ သန်း ဖိုးရှိ ရွှေဟင်္သာ၊ ရင်ကွဲနဲ့ စိန်တစ်လုံးသီးများကို ၃၅၇၀ တန် တင်ပို့ခဲ့ပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
