ရက်သတ္တသုံးပတ်အတွင်း ရင်းဂစ်တန်ဖိုး အမြင့်ဆုံး ရောက်ရှိတဲ့အတွက်မလေးရှားစားအုန်းဆီဈေးဆက်လက်ကျဆင်း
 
                                                    
                
	မလေးရှား ရင်းဂစ်ငွေကြေးတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံး နှုန်းအဖြစ် ဆက်လက်တည်ရှိနေ တဲ့အတွက်မလေးရှားစားအုန်းဆီကြိုရောင်းဈေးကဇွန် ၈ ရက်မှာထပ်မံကျဆင်းပြီး ရက်သတ္တနှစ်ပတ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဘီရီ ကော်
	ဒါ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားဆင့်ပွားစာချုပ် စာတမ်းများရောင်း ဝယ်ရေးဒိုင် (Bursa Malaysia Derivatives Exchange) မှာ
	 သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၈ ရက် ဈေးပိတ်ချိန်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန် ကို ၂၅၈၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇) နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက တတိယမြော က်နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ပြီး ယခု ရက်သတ္တပတ်
	အတွင်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တစ်ရက်အတွင်း အနိမ့်ဆုံးဈေးမှာ တစ်တန်ကို ၂၅၇၅ ရင်းဂစ်နှုန်းရှိခဲ့ရာ မေ ၂၇ ရ က်နောက်
	ပိုင်း အနိမ့်ဆုံးနှု န်းဖြစ်ခဲ့ပါတယ်။ စားအုန်းဆီရောင်းချမှုပမာဏက ဇွန် ၈ ရက်က ၂၅ တန်ရှိအတွဲပေါင်း ၅၅၄၁၈ တွဲရှိခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း တစ်
	ရက်ပျမ်းမျှ ရောင်းချခဲ့တဲ့ အတွဲ ၄၄၆၀ဝ နဲ့ နှိုင်းယှဉ်ရင် မြင့်တက်နေတာကို တွေ့ရပါတယ်။ "ရင်းဂစ် တန် ဖိုးမြင့်တက်လာတဲ့ အတွက် စားအုန်းဆီ
	 ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ဈေးထပ်မကျမီ ဈေးကောင်းတုန်းထုတ်ရောင်းလာတာကေို တွ့ရပါတယ်"လို့ ကွာလာလမ်ပူအခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။ စားအုန်းဆီထုတ်လုပ်မှုက အနည်းငယ် မြင့်တက်ပြီး ပြည်ပတင်ပို့မှု က ပိုမြင့်တက်
	လာတဲ့အတွက် မေအတွက် စားအုန်းဆီလက်ကျန်က ဧပြီမှာရှိခဲ့တဲ့ တန် ၁ ဒသမ ၆၄ အောက် ၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း ခဲ့ပါတယ်။ ဇွန်လ စား
	အုန်းဆီ အထွက်နှုန်းက လအလိုက်နှိုင်းယှဉ်ရင် ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တန် ၁ ဒသမ ၃၅ သန်းအထိရောက်ရှိ မယ်လို့ ခန့်မှန်းထားပါ
	တယ်။ ရင်းဂစ်တန်ဖိုးက ဇွန် ၈ ရက် မွန်းတည့်ချိန်က သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် စောစောပိုင်းက တစ် ရက်အတွင်းအမြင့်ဆုံးနှုန်း
	အဖြစ် အမေရိကန်တစ်ဒေါ်လာကို ၄ ဒသမ ဝ၅ ရင်းဂစ်နှုန်းရှိခဲ့ရာ မေ ၁၈ ရ က် နောက်ပိုင်းအမြင့် ဆုံးဖြစ်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်း ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ တယ်။ စားအုန်းဆီကို ဈေးသတ်မှတ်ရာမှာ ရင်းဂစ်ငွေကြေးနဲ့တန်ဖိုးသတ်မှတ်ပါတယ်။ဒါကြောင့်ရင်းဂစ်တန်ဖိုးမြင့် တက်
	လာရင် နိုင်ငံခြားငွေနဲ့ဖလှယ်ပြီး ဝယ်ယူရသူတို့အတွက် စားအုန်းဆီဈေးက မြင့်တက်လာပါတယ်။ အခြား ဟင်းရွက်ဆီဈေးကွက်တွေဖြစ်တဲ့ အမေ
	ရိကန် နိုင်ငံ ချီကာဂိုရောင်းဝယ်ရေးအဖွဲ့(Chicago Board of Trade) မှာ ဇူလိုင်အတွက် ပဲပုပ်ဆီကြိုရောင်းဈေးက အတက်အကျမရှိ တန့်နေပြီး တ
	ရုတ်နိုင်ငံ ဒါလီယံဈေးကွက် (Dalian Comm- odity Exchange) မှာ ပဲပုပ်ဆီ ကြိုရောင်းဈေးက သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
	Page » 1    
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
