တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းနီးပါး မြင့်တက်
 
                                                    
                
	ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်
	တွင်းငွေ လဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တ က်လာရခြင်းဖြစ်ကြောင်း ဈေးကွက်
	အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လည်ရောင်းချသူ များ များပြားလာခဲ့ကြောင်း သိရသည်။                                                                             "ကမ္ဘာ့ရွှေဈေးကလည်း မြင့်လာတယ်။ ပြည်တွင်းငွေလဲနှုန်းတွေကလည်း မြင့်လာတယ်။ အဲဒါကြောင် ပြည်တွင်းေ
	ရွှဈေးက ဆက်တိုက်မြင့်တက်လာရတာ ပါ။ အဲဒီလို ဈေးမြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ ပြန် လည်ရောင်း
	ချတဲ့သူ တွေ များလာတယ်။ဒီတစ်ပတ်ထဲမှာက ကျပ်တစ်သောင်းနီးပါးလောက် မြင့်တက်လာတော့ ပြန်ကျနိုင်ခြေ
	ရှိတယ်လို့ယူဆပြီး ပြန်ရောင်းကြတာများပါတယ်"ဟု ရွှေ ကုန်သည် ဦးစံမြင့်က ဆိုသည်။ ပြည်တွင်းေ ရွှဈေးများသည် ဇွန် ၆ ရက်က  ကျပ် ၇၈၂၅၀ဝ  ရှိခဲ့ပြီး ဇွန် ၈ ရက်တွင်  ကျပ် ၇၈၆၅၀ဝ  သို့မြင့်တက်ခဲ့သည်။ ဇွန် ၉ ရက်တွင် ကျပ် ၇၉၀ဝ၀ဝ သို့ ဆက်လက်မြင့်တက်ခဲ့ပြီး ဇွန် ၁၀ ရက် ဈေးပိတ်ချိန်တွင် ကျပ် ၇၉၃၀ဝ၀ သို့ မြင့်တက် ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇွန် ၆ ရက်တွင် ၁၂၄၃ ဒေါ်လာရှိခဲ့ပြီး ဇွန် ၉ ရက်တွင် ၁၂၆၃ဒေါ်လာသို့ မြင့်တက်ခဲ့ကာ ဇွန် ၁၀ ရက်တွင် ၁၂၆၇ဒေါ်လာ သို့ မြင့်တက်ခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
