တောင်ကိုရီးယားနိုင်ငံသို့ စိန်တစ်လုံးသရက်သီးတင်ပို့တော့မည်
 
                                                    
                
	စိန်တစ်လုံးသရက်သီးများကိုအလုံးလိုက်အဖြစ်လည်းကောင်း၊ အစိတ်များ စိတ်ခွဲ၍လည်းကောင်း၊သရက်သီးအနှစ်အဖြစ်(Paste)လည်းကောင်း ၊ တောင်ကိုရီး ယားနိုင်ငံသို့တင်ပို့ရောင်းချသွားရနိ တောင်ကိုရီးယား ကုမ္ပဏီ တစ်ခုနဲ့ မြန်မာကုမ္ပဏီတစ်ခုတို့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါ တယ်။ လောလောဆယ်မှာ စိန်တစ်လုံး သရက်သီးများကိုအဓိကအားဖြင့် တရုတ်နိုင်ငံသို့တင်ပို့နေတာ ဖြစ်ပါတယ်။မေလကုန်ပိုင်းမှာ တောင်ကိုရီး ယားကုမ္ပဏီရဲ့ ဝယ်ယူမှုကို စတင်မှာ ဖြစ် ပါတယ်။ အထွက်နှုန်းအပေါ် မူတည်ပြီး ဇွန်လ ကုန်အထိသာ တင်ပို့သွားမယ်လို့ သိရပါတယ်။ အအေးခန်း ကုန်သေတ္တာများ အတွင်းထည့်သွင်းပြီး ပင်လယ်ရေကြောင်း မှ တစ်ဆင့်တင်ပို့သွားမှာဖြစ်ပါတယ်။
	ကျောက်ဆည်၊ မိတ္ထီလာနဲ့ ရမည်းသင်းဒေသထွက်စိန်တစ်လုံး သရက်သီး များကို တင်ပို့သွားမှာဖြစ်ပြီး ယခုနှစ် ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်း၈၀ရာခိုင်နှုန်းကျော်ကျဆင်းခဲ့တယ်လို့သိရပါတယ် နှစ်စဉ် သရက်သီးမျိုးစုံ (စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြား ငမောက် ၊ ပန်း ဘင်္ဂလား) တန်ချိန်၄တန်ခန့်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁၃ ဒသမ ၅သန်းကျော်ဖိုး ပြည်ပသို့တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပ ဈေးကွက်သို့ သရက် သီးတင်ပို့မှု ပိုမိုရရှိရေးအတွက် (GAP-Good Agricultural Practices) စိုက်ပျိုးရေးဆိုင်ရာ ကောင်းမွန်သော အလေ့ အကျင့်နဲ့စပ်လျဉ်းတဲ့ လက်မှတ်များကို ယခုနှစ်ကစတင်လုပ်ဆောင်နေပြီ လို့ သတင်းရရှိပါတယ်။ သရက်စိုက်တောင်သူရဲ့ စိုက်ခင်းမြေ အနေအ ထား၊ စိုက်ကွင်းအခြေအနေ၊ စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးေရး ဆေးသုံး စွဲမှု၊ စိုက်ပျိုးမှုမှတ်တမ်းနဲ့ အလုပ်သမားအခြေအနေများကို စိစစ်ပြီး နေပြည်တော်စိုက်ပျိုးရေးရုံးချုပ်သို့ တင်ပြထုတ်ပေးမှာလို့သိရပါတယ် ။GAPလက် မှတ် ရ ရှိထားခြင်းအားဖြင့် သရက်သီးနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံမှုရှိကြောင်း အာမခံ ပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
