ကသာခရိုင်အတွင်းဆီစားနေကြာ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရ
 
                                                    
                
	ကသာခရိုင် စိုက်ပျိုးရေးထုတ်ကုန်နေကြာသီးနှံ စိုက်ဧက ၄၈၆၂၀ ရှိပါတယ်။လှော်နေကြာမျိုးကို အများအပြား စိုက်ပျိုးပေမယ့်ဆီစားနေကြာ စိုက်ပျိုးသူ ရာခိုင်နှုန်း နည်းနေတာတွေ့ရပါတယ်။ လှော်နေကြာထက် ဆီစားေ နကြာစိုက်ပျိုးပါကအကျိုးအမြတ်ပိုမိုရရှိကြောင်းသက်ဆိုင်ရာဌာနများကအသိပညာပေးမှုများကြောင့် နေကြော တာင်သူများက ဆင်းရွှေကြာ၊ဆီစားနေကြာတို့ကို ပြောင်းလဲစိုက်ပျိုးလာတာတွေ့ရပါတယ်။ ဒီနှစ်ဆီ စား နေ ကြာ စတင်ရိတ်သိမ်းချိန်ဈေးနှုန်းမှာတင်းတစ်ရာကို ၁၅ သိန်းမှ သိန်း၂၀ကြားရှိလို့ ဆီစားနေကြာ စိုက် တောင် သူများ ဈေးကောင်းရနေကြောင်းဈေးကွက်အတွင်းမှသိရပါတယ်။မေ ၁၂ ရက်က လှော်နေ ကြာ တစ်ဧက ကိုအထွက်တင်း ၅၀ထွက်ရှိပြီး ပေါက်ဈေးတစ်တင်းတစ်သောင်းနဲ့ တွက်ချက်ရင်ငါးသိန်းဝင်ငွေရပါ
	တယ်။
	ဆီစားနေကြာ တစ်ဧကအထွက် တင်း ၃၀ ထွက် ရှိပြီး၊ ပေါက်ဈေးတစ်တင်း နှစ် သောင်းနဲ့ထွက်ရင် ခြောက် သိန်းဝင်ငွေရှိ ပါတယ်။ ဆီကြိတ် ရောင်းပါက ဆီစားနေကြာ အဆန်သုံးတင်း၊ဆီဆယ်ပိသာ ထွက်ရှိ ပါ တယ်။ မေ ၁၂ ရက်က နေကြာဆီ တစ်ပိဿာ ရှစ်ထောင်ကျပ်ရပါတယ်။ တစ်ဧကအထွက် တင်းသုံးဆယ်ကို ဆီကြိတ်ပါက နေကြာဆီပိဿာတစ်ရာအတွက် မေ ၁၂ရက် ဈေးနဲ့ရှစ်သိန်းကျော် ဝင်ငွေရပါတယ်။နေကြာဆီ ကစားသုံးဆီထဲမှာအကောင်းဆုံးဖြစ်တယ်လို့စားသုံးသူအကာအကွယ်ပေးရေး ဟောပြော ပွဲများကလည်း သိရပါတယ်။ ဆီစားနေ ကြာ၊ဆင်းရွှေကြာကို ဈေးကောင်း လည်းရ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီလည်း စားရလို့ စိုက်ပျိုးတာပါလို့ နေကြာတောင် သူများထံ က သိရပါ တယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
