မုန်တိုင်းမိုးနဲ့အမီ မုံရွာတစ်ဝိုက် ငုံနီစိုက်ပြီ
 
                                                    
                ပြီးခဲ့တဲ့ မေတတိယပတ်အတွင်းကရွာသွန်းခဲ့တဲ့ မုန်တိုင်းမိုးနဲ့အမီ မုံရွာ ဒေသခံတောင်သူတွေဒီနှစ်အတွက်ပဲစင်းငုံနီတွေစတင်ပျိုးကြဲစိုက်ပျိုးလျက်ရှိ တယ် လို့ သိရပါတယ်။ယခုနှစ်ငုံနီဈေးကွက်မှာပဲစတင်ပေါ်ချိန်မှ ယနေ့အထိတစ်တင်းအနိမ့်ဆုံးကျပ် ၄၃၀ဝ၀ အထိ ပေါက်ဈေးမာခဲ့လို့ တောင်သူတွေတွက်ခြေ ကိုက်တဲ့ အတွက်ယခုနှစ်မှာစိုက်ဧကအနည်းငယ်တိုးလာဖွယ်ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကဆိုပါတယ်။မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ဒေသနဲ့ ကိုက်ညီ မယ့် မုံရွာရွှေဒင်္ဂါးမျိုးကို ဒေသခံတောင်သူတွေနဲ့ပူးပေါင်းပြီး မျိုးသန့်မျိုးစေ့ထုတ်စိုက်ကွင်းများ ဖော်ထုတ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်က ဌာနနဲ့ပူးပေါင်းပြီး ဧက ၃၀ ခန့် စိုက် ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ထွက်ရှိတဲ့ပဲတွေကို စံချိန်စံညွှန်းကိုက်ညီမှုရှိ/မရှိ စစ်ဆေးပြီး၊ ကိုက်ညီတဲ့ ငုံနီမျိုးတွေကို မျိုးသန့်ပွားရေးအတွက် အခြားတောင်သူတွေ ကို ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါတယ်။ယခုနှစ်အတွက် မျိုးဖြန့်ဖြူးမှုအနေနဲ့ တစ်တင်းလျှင် ငါးဧကနှုန်းဖြင့် စုစုပေါင်း ဧက ၂၀ဝ၀ စာဖြန့်ဖြူးပေးခဲ့ပြီး မျိုးသန့်ဈေးကတော့ တစ်တင်းကျပ် ၅၂၀ဝ၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။မနှစ်က မုံရွာမြို့နယ်မှာ ငုံနီစိုက်ဧက ၁၇၁၀ဝ လျာ ထားခဲ့ပြီး၊ ဧက ၁၇၁၄၀ စိုက်ပျိုးနိုင်ခဲ့ပေမယ့် မိုးခေါင်ခြင်း၊ သီးချိန်မိုး များခြင်းစတဲ့ ရာသီဥတု ဖောက်ပြန်မှု ကြောင့် ဒေသအများစုပဲအထွက်လျော့ခဲ့တယ် လို့သိရပါတယ် ရာသီကြောင့် အထွက်အနည်းငယ်လျော့ခဲ့ပေမယ့် ဒီနှစ်ပြည်ပဝယ်လိုအားမြင့်ကာ ပေါက်ဈေး လည်း တစ်တင်းမှ ကျပ် ၅၀ဝ၀ဝ ဝန်းကျင် အထိ မြင့်ခဲ့လို့ငုံနီစိုက်တောင်သူအများစု တွက်ခြေကိုက်ခဲ့ကြတယ်လို့ လေ့လာသိရှိရပါတယ်။ ဒီလို ဈေးကွက်အလားအလာ ကောင်းတွေကြောင့် မုန် တိုင်း မိုးနဲ့အမီ ငုံနီစိုက်ပျိုးမှု စတင်ခဲ့ကြရာမုံရွာမြို့နယ်အနေနဲ့ ဧက၂၀ဝ၀ နီးပါး စိုက်ပျိုးပြီးစီးနိုင်တယ်လို့ တောင်သူသတင်းရပ်ကွက်မှ လေ့လာသိရှိရပါတယ် ။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
