ပြည်ပဲလွန်းဖြူ အဝယ်လိုက်သော်လည်း ဈေးငြိမ်နေ
 
                                                    
                
	ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလတွင်သာ ပဲလွန်းဖြူသီးနှံအနေဖြင့် လက် လီ/လက်ကားအဝယ်လိုက်ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမား လောက် သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲလက်ကျန်ကလည်း အနည်းငယ် သာ ရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်ရှိခဲ့ပေမယ့် အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြပါ တယ်။ မေလအတွင်းကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ဈေးငြိမ်နေခဲ့တယ်လို့ ဆိုရ မှာ ဖြစ်ပါတယ်။
	ယခင်နှစ်က နှစ်ကုန်ခါနီးအချိန်တွင် ပဲဈေးအားလုံးလိုလိုမြင့် တက်ခဲ့ကြတဲ့ အတွက် ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ်လက်များပါ အရောင်းအ ဝယ်ဖြစ်ခဲ့ပြီး ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးကောင်း ရရှိခဲ့ကြပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များဝင်ရောက်မှုများလို့ ပဲဈေးမှာဈေးလျော့သွား ပြီး ကျပ်နှစ်သောင်းကျော်သာ ယခုအချိန်ထိရရှိနေခဲ့တယ်လို့ သိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
