ကသာခရိုင်အတွင်းဆီစားနေကြာ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရ
 
                                                    
                
	သာခရိုင် စိုက်ပျိုးရေးထုတ်ကုန် နေကြာသီးနှံ စိုက် ဧက ၄၈၆၂၀ ရှိပါတယ်။ လှော်နေကြာမျိုးကို အများအပြား စိုက်ပျိုးပေမယ့် ဆီစားနေကြာ စိုက်ပျိုးသူ ရာခိုင်နှုန်းနည်း နေတာ တွေ့ရပါတယ်။
	 လှော်နေကြာထက် ဆီစားနေကြာ စိုက်ပျိုးပါက အကျိုးအမြတ် ပိုမိုရရှိကြောင်း သက်ဆိုင်ရာ ဌာနများက အသိပညာပေးမှုများကြောင့် နေကြာတောင်သူ များက ဆင်းရွှေကြာ၊ ဆီစားနေကြာတို့
	ကို ပြောင်းလဲ စိုက်ပျိုး လာတာတွေ့ရပါတယ်။ ဒီနှစ်ဆီ စားနေကြာ စတင်ရိတ်သိမ်း ချိန်ဈေးနှုန်းမှာ  တင်းတစ်ရာကို ၁၅ သိန်းမှ သိန်း၂၀ ကြား ရှိလို့ ဆီစားနေကြာစိုက် တောင်သူများ ဈေးကောင်
	းရနေ ကြောင်း ဈေးကွက်အတွင်း မှ သိရပါတယ်။
	မေ ၁၂ ရက်က လှော်နေကြာ တစ်ဧကကိုအထွက် တင်း ၅၀ ထွက်ရှိပြီး၊ ပေါက်ဈေး တစ်တင်းတစ်သောင်းနဲ့ တွက်ချက်ရင်  ငါးသိန်းဝင်ငွေရပါတယ်။ ဆီစားနေကြာ တစ် ဧကအထွက် တင်း ၃၀ထွက်ရှိပြီး၊ ပေါက်ဈေးတစ်တင်း နှစ် သောင်းနဲ့ထွက်ရင် ခြောက်သိန်းဝင်ငွေရှိ ပါတယ်။ ဆီကြိတ် ရောင်းပါက ဆီစားနေကြာ အဆန်သုံးတင်း၊ ဆီ ဆယ်ပိဿာ ထွက်ရှိပါတယ်။ မေ ၁၂ ရက်က နေကြာဆီ တစ်ပိဿာ ရှစ်ထောင်ကျပ်ရပါတယ်။ တစ်ဧကအထွက် တင်းသုံးဆယ်ကို ဆီကြိတ်ပါက နေကြာဆီပိဿာတစ်ရာအတွက်   မေ ၁၂  ရက် ဈေးနဲ့ ရှစ်သိန်းကျော် ဝင်ငွေရပါတယ်။ နေကြာဆီက စားသုံး ဆီထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ စားသုံးသူအကာအကွယ် ပေးရေး ဟောပြောပွဲများကလည်း သိရပါတယ်။ ဆီစားနေ ကြာ၊ ဆင်းရွှေကြာကို ဈေးကောင်း လည်းရ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီလည်းစားရလို့ စိုက်ပျိုးတာပါလို့ နေကြာတောင် သူများထံက သိရပါ တယ်။
	ကြည်နိုင်ဦး (အင်းတော်)
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
