မောင်တောကုန်သွယ်ရေးစခန်းမှဝါးနဲ့ ကြိမ်တင်ပို့
 
                                                    
                
	မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေး စခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဧပြီ ၃၀ ရက်မှ မေ ၆ ရက်အထိ ကာလအတွင်း သစ်တောထွက်ပစ္စည်းအုပ်စုဖြစ်တဲ့ အမေရိကန်
	ဒေါ်လာ ၁၀ဝ၁၂ တန်ဖိုးရှိ ဝါး ၁၂၅၀ဝ၀ ကီလိုနဲ့ အမေရိကန်ဒေါ်လာ ၆၄၉၇ တန်ဖိုးရှိ ကြိမ် ၉၀၆၂ ကီလို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့ပေမယ့် ယခုတစ်ပတ်မှာ တင်ပို့နိုင်
	တယ်လို့သိရပါတယ်။ဝါးများကို နှစ်စဉ်ခုတ်ယူ ပါက ဝါးထွက်ရှိမှု ပိုမိုတိုးတက်လာနိုင် ကြောင်းနဲ့ ဝါးများအား မခုတ်ယူဘဲ နှစ်ကြာ ရှည်စွာထားလိုက်ပါက အသီးများသီးလာပြီး၊ ဝါးများမထွက်တော့ကြောင်း ဝါးလုပ်ငန်းလုပ်ကိုင် နေသူများထံမှသိရှိရပါတယ်။
	    မြင့်မြင့်မာ            
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
