မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သကြားဖြူတန်ချိန် လေးသောင်းကျော်တင်ပို့
 
                                                    
                
	
	မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက် သီတင်းပတ်အတွင်း တစ်ဖက် တရုတ်နိုင်ငံသို့ ကန် ဒေါ်လာ၂၅ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ  သကြားဖြူ ၄၄၆၉၆ တန်ကျော် တင်ပို့ ခဲ့ပါတယ်။  ယခင်သီတင်းပတ်ထက် ယခုသီတင်းပတ်မှာ သကြားဖြူ ၃၄၈၇၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ သကြားလိုအပ် ချက်ကြောင့် သကြားဖြူ များနေ့စဉ်တင်ပို့နေရတယ်လို့ မူဆယ် ကုန်သည် များထံမှ သိရပါတယ်။ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ လက်လီတစ်ပိဿာ ပေါက်ဈေး ၁၂၀ဝ-၁၃၀ဝကျပ် ဈေးရှိတယ်လို့ သိရှိရပါတယ်။
	
	  မြင့်မြင့်မာ
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
