ဗီယက်နမ်အထည်ချုပ်လုပ်ငန်းများက ၂၀၂၀ ပြည့်နှစ်ကျော်လွန်ပြီး ဖွံ့ဖြိုးရေး ရည်မှန်းချက်ချမှတ်ဖို့ ဆန္ဒရှိ
 
                                                    
                
	နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ ဖြစ်စေရန်အတွက်   အထည်ချုပ်လုပ် ငန်းရဲ့ ရည်မှန်းချက်ကို ၂၀၂၀ ပြည့်နှစ် အထိ ရည်မှန်းချက်  ချမှတ်ထား ရာမှ ၂၀၃၀ ပြည့်နှစ်အထိ ပြင်ဆင်ချမှတ်ရန် ဗီယက်နမ်ချည်မျှင်နဲ့   အထည်ချုပ်လုပ် ငန်းရှင်များကဆန္ဒရှိကြောင်းဗီယက်နမ် နယူးစ် သတင်း မှာ ဖော်ပြထားပါတယ်။လက်ရှိစီမံကိန်းကို ၂၀၁၄ခုနှစ် ဧပြီက   အတည် ပြု ပေးခဲ့တာဖြစ်ပြီး ဗီယက်နမ်နိုင်ငံအထည်ချုပ်ပို့ကုန် လုပ်ငန်းမှ  ဝင်ငွေ ကို ၂၀၂၀ ပြည့်နှစ်မှာအမေရိကန်ဒေါ်လာ၂၀ဘီလီယံမှ ၂၅ ဘီလီယံ အတွင်း ရရှိဖို့ ရည်မှန်းထားပါ တယ်။ ဒါပေမယ့် အထည်ချုပ်လုပ်ငန်း ကဏ္ဍရဲ့ ပို့ကုန်မှရရှိငွေက ၂၀၁၅ ခုနှစ် မှာပင် အမေရိကန်ဒေါ်လာ ၂၇ ဒသမ၅ဘီလီယံအထိရရှိခဲ့ပါတယ်။  ချည်မျှင် နဲ့အထည်ချုပ်   စီးပွားရေး လုပ်ငန်းအားလုံးက ပစိဖိတ်ဖြတ်  ပူးပေါင်းဆောင် ရွက်ရေးသဘောတူ စာချုပ် (TPP)၊ ဗီယက်နမ်-ကိုရီးယားလွတ်လပ်စွာ ကုန်သွယ်မှု သဘော တူ စာချုပ်(VKFTA) နဲ့ ဗီယက်နမ်အီးယူလွတ်လပ် စွာကုန်သွယ်မှု သဘော တူ စာချုပ် (VKFTA) တို့မှရရှိတဲ့ အခွင့်အလမ်း များကို ထိထိ ရောက်ရောက်ရယူဆောင်ရွက်ခဲ့ပါတယ်။ဗီယက်နမ်ချည်မျှင်နဲ့   အထည် ချုပ် လုပ်ငန်းအသင်းဝင် ကုမ္ပဏီအများ အပြားမှာလုပ်ငန်းများ ဖျက်သိမ်း ခြင်းသို့မဟုတ်ရပ်ဆိုင်းခြင်းများ ပြုလုပ်ရ တဲ့အတွက် အထည်ချုပ် လုပ် ငန်းမှာ စိန်ခေါ်မှု  အမြောက်အမြားနဲ့ရင်ဆိုင် ခဲ့ရကြောင်း အသင်းဥက္ကဋ္ဌ  ဗူဒပ်ဂျန်းက ပြောပါတယ်။ ဒါကြောင့်လက်ရှိ အခြေ အနေနဲ့ ကိုက် ညီပြီး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် စီမံကိန်းကို ပြင်ဆင် ချမှတ်ဖို့  အထည်ချုပ်လုပ်ငန်း တွေကဆန္ဒရှိနေပါတယ်။ တိုင်းပြည် စီးပွား ရေး   ဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုက်လျောညီထွေရှိတဲ့လုပ်ငန်းဖွံ့ဖြိုးမှုတွေ ရရှိစေ နိုင်ဖို့အတွက် အစိုးရက၂၀၄၀ ပြည့်နှစ်အထိ ရေရှည်စီမံကိန်းကို ချ မှတ် သင့်တယ်လို့ဆိုပါတယ်။ လက်ရှိ ဖွံ့ ဖြိုးတိုးတက်မှုနှုန်းအတိုင်း  သွားရင် ဒီကဏ္ဍရဲ့ ပို့ကုန်ဝင်ငွေက ၂၀၂၀ ပြည့် နှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီ ယံ ၄၀ မှ ၅၀ ကြားရှိလိမ့်မယ်လို့ ဗီယက်နမ် အထည်ချုပ်နဲ့   ချည်မျှင် လုပ်ငန်းရှင် များက ပြောပါတယ်။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
