မန်ကျည်း တန်ချိန် ၇၀ဝ ကျော် တင်ပို့
 
                                                    
                
	ဧပြီ ၂၄ ရက်မှ ၃၀ ရက်သီတင်း ပတ်အတွင်း  မန်ကျည်း ၇၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေး ရှားနိုင်ငံသို့  ၁၇၅ တန်၊ ပါကစ္စတန်သို့ ၄၂၃တန်၊ စင်ကာပူသို့ ၉၅ တန်နဲ့ ဗီယက် နမ်သို့   တန်ချိန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။   ယခင်သီတင်းပတ်က မန်ကျည်း တန်ချိန်၁၂၀ သာ တင်ပို့နိုင်ခဲ့ တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့နှိုင်း ယှဉ်ရင် တန်ချိန် ၆၂၀ ကျော်တင်ပို့ မှု   ပိုခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၂၅၉၂၀ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ဧပြီလ အတွင်း  မန်ကျည်း စုစု ပေါင်း ၁၄၉၃ တန်  တင်ပို့နိုင်ခဲ့ပြီး တင် ပို့ခဲ့တဲ့     နိုင်ငံများမှာ   စင်ကာပူ၊  ပါကစ္စတန်၊   မလေးရှား၊  ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေ ကို တင်ပို့ နိုင်ခဲ့တယ်လို့သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ   စုစုပေါင်း  ကန်ဒေါ်လာ ၄၇၈၁၄၀ ဝင်ငွေရရှိခဲ့တယ်လို့  သိရပါ တယ်။
	သီတာဝင်း(DOT)
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
