ပြည်စားတော်ပဲဈေးတရိပ်ရိပ် တက်လျက်ရှိ
 
                                                    
                
	မေလဆန်း  ပြည်ဈေးကွက်မှာ ပဲအချို့ဈေးလျော့နည်းခဲ့သော်လည်း လက်လီပဲအချို့  ဈေးမြင့်တက်ခဲ့ရာ စားတော်ပဲသီးနှံဈေးကလည်း သင်္ကြန်ပြီး ကာလမှစ၍ ဈေးတရိပ်ရိပ် တက်ခဲ့တာကြောင့်  မေပထမ ပတ်မှာ တစ် တင်း ၄၀ဝ၀ဝ ကျပ်အထိ  ရရှိခဲ့တာကို တွေ့ရပါတယ်။ ဧပြီလကုန်မှာ တစ်တင်း ၃၇၀ဝ၀ ကျပ်ရရှိပြီး လက်လီပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေသလို ယခုတစ် ပတ်မှာ တစ်တင်းကျပ် ၃၀ဝ၀ ခန့်ပို ရလာ လို့  ပြည်ပပဲဈေးကွက်တင်ပို့မှုရှိတဲ့ ပဲဈေးများကဲ့သို့ ဈေးကောင်းရ လာပြီး  တစ်ရက်အိတ် ၃၀ ကျော် ၄၀ အထိ  လက်လီအဝယ် ရှိနေ ခဲ့ပါတယ်။   စားတော်ပဲသီးနှံရဲ့ နေ့စဉ်ဈေးနှုန်းများအရ အခြားပဲများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပြည်တွင်းဝယ်လက်ပဲထဲမှာ နှစ်စဉ်ဈေး ကောင်းရတဲ့ ပဲ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
	ခင်ဆွေဝင်း-ပြည်
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
