ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းကဏ္ဍလိုက် ၊ ကုန်သည်အသင်းအဖွဲ့ များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး
	ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သီရိခေတ္တရာရတနာ မြို့တော် ခန်းမတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်နှင့်လုပ်ငန်းကဏ္ဍ အလိုက် ကုန်သည်အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်  များနှင့်  တွေ့ဆုံဆွေး နွေးပွဲ အခမ်းအနားကို မေ ၁ ရက်က ကျင်းပခဲ့ပါတယ်။
	တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြော ကြားပြီး  ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထိုင်ထိုင်က နှုတ်ခွန်း ဆက်စကားပြောကြား ကာ တက်ရောက်လာသူ ကုန်သည်အသင်းအဖွဲ့များ၊ ပုဂ္ဂလိကကုန်သည် လုပ်ငန်း ရှင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ခဲ့ပါတယ်။ ထိုကဲ့သို့ ဆွေးနွေးတင်ပြရာမှာ ဆန်စပါးကုန်သည် များအသင်း၊ ဆန်စက်လုပ်ငန်း ရှင်များ အသင်း၊ ပဲ မျိုးစုံနှင့်   နှမ်းကုန်သည်များအသင်း၊ ဆီကုန်သည်   နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ စက်မှုဇုန်မှ အသေးစား၊  အလတ်စားစက်မှုလုပ်ငန်းရှင်များ၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ် ငန်းရှင်များအသင်း စသည်ဖြင့် ကဏ္ဍအလိုက် ကိုယ် စားပြု လုပ်ငန်းရှင်၊ ကုန်သည်များက ဆွေးနွေးတင်ပြ ကြသလို ပုဂ္ဂလိကလုပ်ငန်းရှင်အချို့ကလည်း ဆွေး နွေးတင်ပြမှုများ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
	တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြမှု များအပေါ် ပြည်ထောင်စု ဝန်ကြီး က ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေး လုပ် ငန်းရှင်များ စုစုပေါင်း ၉၈ ဦး တက်ရောက် ခဲ့ကြပါ တယ်။
	
	 ခင်ဆွေဝင်း-ပြည်
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
