စစ်ကိုင်းတိုင်းဒေသကြီးမှ ဆောင်းစိုက်ဂျုံများ ဈေးကွက်အတွင်းသို့ ဝင်ရာက်လာ
 
                                                    
                
	စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံကို ၂ ဒသမ ၁ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ အဆိုပါလျာထားချက်အနက် ၁ ဒသမ ၇၇ ဧကသိန်းစိုက်ပျိုးပြီးဖြစ်လို့ ၈၄ ဒသမ ၂၆ ရာခိုင်နှုန်းစိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ အထွက်လှိုင်ပြီး မုံရွာဈေးကွက်သို့ နေ့စဉ် အိတ်ရေ ၃၀ဝ၀ ခန့် အလုံးအရင်းဝင်ရောက် ပြီဖြစ်ပါတယ်။ ဂျုံဖြူသန့်နဲ့ ဂျုံထွက်တိုး နှစ်မျိုးစိုက်ပျိုးပြီး လက်ရှိဈေးမှာ ဂျုံဖြူသန့် တစ်တင်း ၁၆၀ဝ၀ ကျပ်၊ ဂျုံထွက်တိုး တစ်တင်း ၁၂၅၀ဝ ကျပ် ဈေးရှိ ကြောင်း သိရပါ တယ်။ ဂျုံကိုဒေသတွင်း လုပ်ငန်းသုံး ဂျုံစက်များမှ ဝယ်ယူမှုရှိသလို  ီငောသညိ ှအမေ၊ ဦးကြူ စတဲ့ ဂျုံစက်ကြီးများ အမှာအော်ဒါအရ ဝယ်ယူတဲ့ကုန်သည်များလည်းရှိ ကြောင်း သိရပါတယ်။ ဂျုံသီးနှံဟာ ပြည်တွင်း ဈေးကွက်သာရှိပြီး ပဲမျိုးစုံသီးနှံများ လောက် ဈေးမမြင့်တဲ့အတွက် ဂျုံစိုက်တောင်သူ နှစ်စဉ်လျော့နည်းလာကြောင်း  ကုန်သည်တစ်ဦးက ပြောပြပါတယ်။                              
	       အောင်မင်း-တန့်ဆည်
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
