မူဆယ်နှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ တရားဝင်တင်သွင်းရန်ကျန်ရှိသည့် လုပ်ငန်းသုံးယာဉ်စီးရေ တစ်သောင်းကျော်အား ပြန်လည်တင်သွင်းခွင့်ပြုမည်
 
                                                    
                
	သွင်းကုန်လိုင်စင်ရရှိပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ တရားဝင်တင် သွင်းရန် ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်ယန္တရားများအား သွင်းကုန်လိုင်စင် သက်တမ်းတိုးမြှင့်ခွင့်ပြု၍ ပြန်လည်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ် ရေးဦးစီးဌာနမှ သိရသည်။
	တရားဝင်တင်သွင်းရန်ကျန်ရှိနေသည့် လုပ်ငန်းသုံးယာဉ်ယန္တရားများ အနက် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၈၀ဝ၃ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ ၄၆၃၂ စီးတို့ကို သွင်းကုန်လိုင်စင်သက်တမ်းတိုးမြှင့်ခွင့်ပြု၍ ပြန်လည်တင် သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
	အဆိုပါယာဉ်များအား သွင်းကုန်လိုင်စင်သက်တမ်းတိုးမြှင့်ရာတွင် သွင်း ကုန်လိုင်စင်သက်တမ်းရပ်ဆိုင်းထားသည့်နေ့မှ ကျန်ရှိသက်တမ်းအား တိုးမြှင့် ပေးမည်ဖြစ်ပြီး သက်တမ်းတိုးပေးခြင်း၊ ယာဉ်တင်သွင်းခွင့်ပေးခြင်း၊ယာဉ်စစ် ဆေးသည့်လုပ်ငန်းစဉ်အားလုံးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ တရားဝင် တင်သွင်းရန်ကျန်ရှိသည့် လုပ်ငန်းသုံးယာဉ်ယန္တရားများအား တရားဝင်တင်သွင်းခွင့်လိုင်စင် ပြန်လည် ထုတ်ပေးရာတွင် လာဘ်ပေးလာဘ်ယူကိစ္စများအား ရှောင်ရှားပြီး မှန်ကန်သော နည်းလမ်းများဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း သိရသည်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
