ပြည်ထောပတ်ပဲ ဈေးအေးအေးနဲ့ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်
 
                                                    
                
	ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲ တစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာ ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲ သိပ်မရှိတော့တဲ့ အတွက် ဝင်လာသမျှပဲများအား လက်လီသမားတွေ အဝယ်ရှိခဲ့ကြပါတယ်။
	ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်း ဈေးအနိမ့်ဆုံးရခဲ့တာကြောင့်  တစ် တင်း ၁၅၀ဝ၀ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သင်္ကြန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀ဝကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာ ဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန် မှစ၍ ယခုချိန်အထိ ဈေးအေးအေးနဲ့ ကျပ်၂၀ဝ၀ဝ အောက်သာရရှိခဲ့ပြီး၊ အရောင်း အဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့ သိရပါတယ်။
	ခင်ဆွေဝင်း-ပြည်
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
