ပြည်ပဲပုပ်သစ်များ လက်လီသာအဝယ်ရှိ
 
                                                    
                ပြည်ဈေးကွက်သို့ နှစ်ကုန်မှစ၍ ပဲပုပ်သစ်များစတင်ဝင်ရောက်လာခဲ့ရာ ယခုနှစ်ဆန်းပိုင်းမှာလည်း ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက် တစ်ရက် အိတ် ၅၀ ကျော်ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ပေါက်ခေါင်းမြို့နယ်မှစတင်ဝင်ရောက်ခြင်းဖြစ်ပြီး ဝယ်လက်အလာနည်းနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက် ဝယ်ယူမှုမရှိသေးဘဲ လက်လီသမားများသာ ဝယ်ယူနေခဲ့ပါတယ်။ ပဲဈေး မှာ တစ်တင်း ၁၇၇၀ဝ ကျပ်ဖြင့် ယခင်ပတ်အဖွင့်ဈေးထက် ဈေးအနည်းငယ်လျော့သွားခဲ့ပါတယ်။ ယခင်နှစ်က အဖွင့်ဈေးမှာ တစ်တင်း ၁၈၀ဝ၀ ကျပ်ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာလည်း ဈေးသိသိသာသာ မြင့်တက်ခြင်းမရှိဘဲ တစ်နှစ်တာလုံး ဈေးအေးခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ ကြောင်း လေ့လာသိရှိရပါတယ်။ ခင်ဆွေဝင်း-ပြည်
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
