စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရန်ကုန်မြို့အခြေစိုက်၊မြန်မာနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် ဟနွိုင်းမြို့အခြေစိုက်၊မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Ula
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ (၁၂:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harish-chandra Ghimire ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အားလည်းကောင်း၊ (၁၃:၀၀) နာရီ အချိန်တွင် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အားလည်းကောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတို့အကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
                        Agency Department of Trade
                        
                        Category General
                    
