ငှက်သိုက်(အမဲ)ကို စင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ်သစ်အဖြစ် စတင်တင်ပို့
 
                                                    
                တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစုဒေသနှင့် ကော့သောင်း ဒေသတို့မှ ထွက်ရှိသော ငှက်သိုက်(အမဲ) Bird's Nest (Black) များကို ဝယ်ယူ စုဆောင်းပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပို့ကုန်အမယ် သစ်အဖြစ် ဈေးကွက်ရှာဖွေတင်ပို့နိုင်ခဲ့ပါတယ်။ လိုင်စင်လျှောက်ထားဈေးနှုန်း မှာ တစ်ကီလို ဂရမ်လျှင် ၄၇၀ ဒေါ်လာဖြင့် ၃၈၈ ကီလို၊ တန်ဖိုးအားဖြင့် ၁၈၂၃၆၀ ဒေါ်လာအား တင်ပို့ခွင့် လျှောက် ထားလာပါတယ်။ ငှက်သိုက်(အမဲ) များမှာ ငှက်သိုက် (အဖြူ) ထက် ဈေးပိုမိုရရှိကြောင်း သိရှိရပြီး ငှက်သိုက် (အမဲ)များ ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရှိရပါတယ်။
SWM(ပို့ကုန်)
                        Agency 
                        
                        Category 
                    
