ဒီတစ်ပတ်မြေသြဇာတန်ချိန် ၄၀ဝ၀ဝ နီးပါးဝင်
 
                                                    
                
	ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၆၂၇၄၆၈ တန်ဖိုးရှိ မြေသြဇာ ၃၆၅၆ ဒသမ ၈၀၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၂၀၈၇ တန်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၆၅၄၊ ကိုရီးယားနိုင်ငံမှ ၄၆ ဒသမ ဝ၈ တန်၊ ရုရှားနိုင်ငံမှ ၁၂၅ ဒသမ ၇၂၂ တန်နဲ့ ထိုင်းနိုင်ငံမှ ၇၄၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များ မှာ တော့ပ်ဝမ်း၊ နိုက်တြိုဂျင်၊ ယူရီးယား၊ ရွှေမြေသီး၊ ဓာတ်ဆားတို့ဖြစ်ပါတယ်။ ယခင် သီတင်းပတ်တင်သွင်းတန်ချိန် ၅၀ဝ၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၇၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
