ပြည်မန်ကျည်းမှည့် အဟောင်းဈေးမြင့်ပြီး ဈေးကွက်တွင်း အသစ်များ စတင်ဝင်ရောက်
 
                                                    
                
	ပြည်ဈေးကြီး(ပွဲရုံ)များတွင် လက် ကျန်အဟောင်းမန်ကျည်းမှည့်များဈေး ငြိမ်လျက်ရှိနေရာမှဇန်နဝါရီလဆန်း ပိုင်းမှစ၍နည်းနည်းချင်း ဈေးတက်လာ ပါတယ်။ ယခုတစ်ပတ် မန်ကျည်းသီး မှည့်အဟောင်းဈေးမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ကျပ်၃၈၀ဝဖြစ်နေပြီးလက်လီ ဈေးတစ်ပိဿာ ကျပ် ၄၅၀ဝနဲ့ ရောင်း ဝယ်လျက်ရှိကြပါတယ်။ လက်ကျန် နည်းပါးတာကြောင့် ဈေးမြင့်တက်နေ တာဖြစ်ကြောင်းသိရပါတယ်။  ယခု (ဒုတိယပတ်)အတွင်း ဈေးကွက်များမှာ တော့ မန်ကျည်းမှည့်အသစ်တွေ (အစေ့ မပါ) စတင်ဝင်လာတာတွေ့ရပါတယ်။ တစ်ရက်ကို  ပိဿာအနည်းငယ်သာ ဝင်ရောက်ပြီး၊ အရောင်းအဝယ်အကုန် ဖြစ်ကြောင်းလည်းသိရပါတယ်။ရွှေတောင်၊ ကျီးသဲနဲ့ ပြည်အနောက်ဘက်ကမ်းတို့မှ ဝင်ရောက်နေခြင်းဖြစ်ပါတယ်။ဈေးနှုန်း ကတော့ (ပွဲရုံဈေး) ကျပ် ၂၈၀ဝ ဖြစ်ပြီး (လက်လီဈေး) ကျပ် ၃၅၀ဝ ဖြင့် လက် ဝယ်အကျန်မရှိဘဲအရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ ပိဿာ၂၀ ဝန်းကျင် လောက်သာ ဝင်ရောက်ကြောင်းလည်း သိရပါတယ်။
	နီနီဝင်း
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
