ကသာခရိုင်ထွက်မြေထောက်ပဲများကို မန္တလေးဈေးကွက်သို့ အများဆုံးတင်ပို့
 
                                                    
                
	ကသာခရိုင် ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယ် ဧရာဝတီမြေနုကျွန်းများမှာ ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ဈေးကောင်း ရတဲ့ မြေထောက်ပဲကို သီးထပ်၊ သီးညှပ် စိုက်ပျိုး ကြပါတယ်။ ယခုနှစ်တွင် မြေ ထောက်ပဲမှာ   ရာသီဥတုအခြေအနေ ကောင်းမွန်မှုကြောင့် အထွက်ကောင်း တဲ့အပြင် တစ်တင်း ကျပ် ၂၅၀ဝ၀ကျော် နဲ့ ဈေးကောင်းရပြီး မန္တလေးဈေးကွက် ကို အများဆုံးတင်ပို့နေတယ်လို့ ဈေး ကွက်မှ သိရပါတယ်။
	မြေထောက်ပဲကို အောက်တိုဘာ၊ နိုဝင်ဘာလမှာ စိုက်ပျိုးပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလလောက်မှာ ရိတ်သိမ်းကြ ပါတယ်။ ဒေသတွင်းစားသုံးမှုအနေနဲ့ နှစ်ပေါက်   လှောင်ထားပြီး မိသားစု ဟင်းလျာအဖြစ်     စားသုံးကြပါတယ်။ ယခင်နှစ်ကာလတူက  မြေထောက်ပဲ တစ်တင်း ကျပ် ၂၀ဝ၀ဝ နဲ့ ဈေးဖွင့်ခဲ့ပါ တယ်။ယခုနှစ်မှာတစ်တင်း ကျပ်၂၅၀ဝ၀ နဲ့ဈေးဖွင့်လို့  မြေထောက်ပဲစိုက်တောင် သူများဈေးကောင်းရနေတယ်လို့ မြေ ထောက်ပဲစိုက်တောင်သူများထံက သိရ ပါတယ်။           ကြည်နိုင်ဦး(အင်းတော်)
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
