မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမေရိကန်ဒေါ်လာ သန်း ၁၀ဝ၀ ကျော်တန်ဖိုးရှိသည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၄ ခုကို ခွင့်ပြုပေးခဲ့
 
                                                    
                
	မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဇန်နဝါရီလ ၆ ရက်က ကျင်းပခဲ့သည့် အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၁၇)အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း ၂၁ ကို  ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ၈၂၆ ဒသမ ၁၁၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်ပေါင်း ၁၄၈၁၅ ခုကိုဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  သတင်းထုတ်ပြန်ချက် များအရ သိရသည်။
	အဆိုပါခွင့်ပြုခဲ့သည့်   လုပ်ငန်း ၂၁ ခုတွင် စက်မှုလုပ်ငန်း ၁၄ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးလုပ်ငန်း  တစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်း နှစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍ   လုပ်ငန်း နှစ်ခု၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုလုပ် ငန်း တစ်ခု၊ ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းတစ်ခု တို့ဖြစ်ကြောင်း သိရသည်။
	ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု ၂၁ ခု အနက် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများ မှာ  အီတလီနိုင်ငံမှ ငါးခု၊ တရုတ်နိုင်ငံမှ လေးခု၊ အိန္ဒိယနိုင်ငံမှ  သုံးခု၊  သြစတြေးလျ၊ ပြင်သစ်၊ ကနေဒါ၊ ဂျပန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊  အိုင်ယာ လန်၊ ဟောင်ကောင်နှင့် တရုတ် (တိုင်ပေ)တို့ဖြစ် ကြသည်။
	အဆိုပါအစည်းအဝေးမှ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း သုံးခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ် နှံမှု   ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၉၄၀ သန်းအပါအဝင် ကျပ်သန်း ၄၆၂၄၃၄ ဒသမ ၅၆၀ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ် အကိုင်ပေါင်း ၃၃၉ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
	အဆိုပါခွင့်ပြုလုပ်ငန်းသုံးခုမှာ အိမ်ရာအဆောက် အအုံတည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍလုပ်ငန်း တစ်ခု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍလုပ်ငန်းတစ်ခုနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
