ပဲခူးမြို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး စတင်ဖွင့်လှစ်
 
                                                    
                
	မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရုံးကို ဇန်နဝါရီ ၁၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
	မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်လည်း လာမည့် မတ်လအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ရခိုင်ပြည်နယ်နှင့်ချင်း ပြည်နယ်တို့တွင်လည်း လာမည့်ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
	မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ရုံးခွဲများဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
	ယင်းကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ရုံးခွဲများဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပင်  ရင်းနှီးမြှုပ်နှံခွင့်များလျှောက်ထားရယူနိုင်ကြောင်း သိရသည်။
	 
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
