ပြည်သားငါးဈေးကွက်သို ့ရေချိုငါးသလောက်များဝင်ရောက်လာ
 
                                                    
                ပြည်သား၊ ငါးဒိုင်များတွင် ဇန်န ဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက် အတွင်းသို့ ရေချိုငါးသလောက်များ ပေါများစွာ ဝင်ရောက်လာတာ တွေ့ရ ပါတယ်။ ဝင်လာတဲ့ ငါးသလောက်များ ကတော့လတ်ဆတ်မှုရော၊ ဈေးနှုန်းပါ သင့်တင့်တာကြောင့် အရောင်းသွက် လျက် ရှိပါတယ်။ အရွယ်အစားမှာ လည်း ပေါင်းစား စား၊ ရေချို ချက်စား စား၊ ၂၅ ကျပ်သား၊ ၃၀ ကျပ်သား အရွယ်ရှိတဲ့အတွက် လူတန်းစားမျိုးစုံ စားသုံးနိုင်တာကြောင့် အရောင်းရ သွက်ကြောင်း သိရပါတယ်။ ရန်ကုန် မြို့ မှ နေ့စဉ်ငါးသလောက် ပိဿာချိန် ၅၀ဝ မှ ၇၀ဝထိဝင်ရောက်လျက်ရှိပါ တယ်။ ငါးကြင်း၊ ငါးမြစ်ချင်းများလည်း ပုံမှန်ဝင်ရောက်နေပါတယ်။ ဈေးတွင် ငါးသလောကေ် ဈးမှာ (ပွဲရုံဈေး) တစ်ပိဿာ ကျပ် ၃၈၀ဝ နှင့် ကျပ် ၄၀ဝ၀ ဖြစ်ပြီး ဒေသတွင်းဈေးများမှာ တော့ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ဖြင့် ရောင်းချကာ အကောင်အသေး စား (၁၀ ကျပ်သား အောက်) ငါးသ လောက်များကို စီးပွား ရေးသမား အချို့က အရိုးနူးအောင် ပေါင်းပြီး၊ ရာချီဆန့်အိုးများဖြင့် ပေါင်းကာ ရောင်း ချနေသည်မှာလည်း သုံးအိုး လေးအိုးခန့်ကုန်ကြောင်း သိရပါတယ်။ အဲဒီ ငါးပေါင်းကိုတော့ တစ်ကောင်လျှင် ကျပ်၄၀ဝ နှင့် ကျပ် ၁၀ဝ၀ ဖိုးလျှင် သုံးကောင်ဖြင့် ဈေးကွက်မှာ စည်ကား နေကြောင်းလည်း တွေ့ရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
