ထန်းလက်၊ ဝါးဖတ်တို့ဖြင့် ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား ပို့ကုန်အမယ်သစ်အဖြစ်တင်ပို့
 
                                                    
                
	 မန္တလေးမြို့ရှိ ထန်းလက်၊ ဝါး ဖတ်တို့ဖြင့် ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို ပို့ကုန်အမယ်သစ် များအဖြစ် မန္တလေးအခြေစိုက် ကုမ္ပဏီ တစ်ခုက   အမေရိကန်နိုင်ငံသို့ တင်ပို့ နိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
	Membership of Government Technical Institute (MGTI) Service of Provider Co-op Ltd   ဆောက်လုပ် ရေး ဝန်ဆောင်မှုလုပ်ငန်း၊   သမဝါယမ အသင်းလီမိတက်က   မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်မှာ အခြေစိုက်ပြီး ထန်းလက်၊ ဝါးဖတ်တို့ကို အသုံးပြုကာ   လက်မှုပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါတယ်။ ထုတ်လုပ် တဲ့ပစ္စည်းများမှာ ထန်းလက်နဲ့ ပြုလုပ် ထားတဲ့ ကုလားထိုင်  သုံးမျိုးနဲ့ စားပွဲ နှစ်မျိုး၊ ဝါးဖတ်နဲ့ပြုလုပ်ထားတဲ့ ဦး ထုပ်သုံးမျိုး စုစုပေါင်း ရှစ်မျိုးဖြစ်ပါ တယ်။
	ထုတ်လုပ်ထားသော   လက်မှု ပစ္စည်းများကို ပြည်ပသို့  တင်ပို့နိုင် ရေးအတွက် (Amerasa Rapid Transit USA Forwading Group)  နှင့် ချိတ် ဆက်ပြီး စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၄၇၇၀ ရှိ ထန်းလက်နဲ့ပြုလုပ် ထားတဲ့ ကုလားထိုင်သုံးမျိုးက ၉၆ လုံး၊ ထန်းလက်နဲ့ပြုလုပ်ထားတဲ့ စားပွဲနှစ်မျိုး က အလုံး ၆၀၊ ဝါးဖတ်နဲ့ပြုလုပ်ထားတဲ့ ဦးထုပ်သုံးမျိုးက အလုံး ၃၅၀ တို့ကို တင်ပို့တော့မှာဖြစ်ပါတယ်။
	MGTI ကုမ္ပဏီဟာ ထန်းလက် ဝါးဖတ်တို့နဲ့ အသုံးပြုထားတဲ့ လက်မှု  ပစ္စည်းများကို ထုတ်လုပ်ရာမှာ မတ္တရာ မြို့နယ်မှထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်း များကို တန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
	အဆိုပါကုန်ပစ္စည်းများကို တင် ပို့နိုင်ရေးအတွက် ပို့ကုန်လိုင်စင်ခွင့်ပြု ထားပြီးဖြစ်ရာMGTI ကုမ္ပဏီအနေဖြင့်  ရက်သတ္တတစ်ပတ်အတွင်း အမေရိကန် နိုင်ငံသို့ တင်ပို့တော့မှာဖြစ်ကြောင်း သတင်း ရရှိပါတယ်။
	ထိုကဲ့သို့ ဒေသထွက်ကုန် မြန်မာ့ ရိုးရာလက်မှုပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုလုပ်၍  ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်တဲ့အတွက် ပြည်တွင်းရှိ နိုင်ငံသားများ   အလုပ်အကိုင် အခွင့် အလမ်းများ    ရရှိလာတဲ့အပြင် မိသားစု ဝင်ငွေများလည်း တိုးပွားလာမှာ ဖြစ်ပါ တယ်။ မြန်မာ့ရိုးရာ လက်မှုပညာများကို ထိန်းသိမ်းနိုင်မှုများကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား   အစဉ်အလာ မပျက်    ထိန်းသိမ်းသွားနိုင်မှာ    ဖြစ်ပါ တယ်။   ဒါ့အပြင်  လယ်ယာထွက်ကုန် ဘေးထွက်  ပစ္စည်းများအား   လက်မှု ပစ္စည်းအဖြစ် ဖန်တီးပြုလုပ်နိုင်တဲ့အတွက် တောင်သူများအနေနဲ့ အကျိုးများစွာ ဖြစ်ထွန်းလာနိုင်မှာ ဖြစ်ပါတယ်။
	DOT (Export)
                        Agency Ministry of Foreign Affairs
                        
                        Category SPS
                    
