မုံရွာကြက်သွန်နီဈေးကွက် ဈေးအနည်းငယ်မြင့်တက်
ဇန်နဝါရီလဆန်းရက်သတ္တပတ်အတွင်း မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ် ရေးဈေးကွက်တွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ ပွဲရုံသို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ တစ်ရက်လျှင် ပိဿာချိန် ၅၀ဝဝ ခန့်သာ အဝင်ရှိပြီး အရောင်းအဝယ် ဖြစ်မှုမှာလည်း ရန်ကုန်၊ မန္တလေးဝယ်လက် အဆွဲများအတွက် မလုံလောက်၍ လက်လီ အနေနဲ့သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက် သွန်နီတစ်ပိဿာဈေးနှုန်းမှာ ပွဲရုံဈေး (ကြီး) ၁၀ဝဝ ကျပ်၊ (လတ်) ၉၀ဝ ကျပ်၊ (သေး) ၈၀ဝ ကျပ်၊ လက်လီတစ်ပိဿာ ဈေးနှုန်းမှာ (ကြီး)၁၂၀ဝကျပ်၊ (လတ်) ၁၁၀ဝကျပ်၊ (သေး) ၁၀ဝဝ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေး မြင့်နေကြောင်းသိရပါ တယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းမှာ ပွဲရုံဈေး (ဗမာ) ၅၅၀ဝ ကျပ်၊ (ရှမ်း) ၄၈၀ဝ ကျပ်၊ လက်လီကတော့ တစ်ပိဿာ (ဗမာ) ၆၀ဝဝ ကျပ်၊ (ရှမ်း) ၅၀ဝဝ ကျပ်ဖြစ်ပြီး အတက်အကျမရှိ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဈေးငြိမ်လျက် ရှိပြီး လက်လီအနေနဲ့ နေ့စဉ်အိတ် ၅၀-၆၀ ခန့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိ ကြောင်း မုံရွာကြက်သွန်နီပွဲရုံမှ သိရပါတယ်။ ကြည်ကြည်နွယ် (မုံရွာ)
Agency Ministry of Foreign Affairs
Category General