ငွေလဲနှုန်းများ ပြန်လည်ကျဆင်း
 
                                                    
                
	ယခုတစ်ပတ်တွင်ဝယ်လိုအားများ မြင့်တက်လာမှုကြောင့် ငွေလဲနှုန်းများ ကျဆင်းနေရာမှ ပြန်လည်မြင့်တက်လာသော်လည်း နှစ်တစ်နှစ်၏ နောက်ဆုံးရက် တွင်ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
	ပြည်တွင်းငွေလွှဲနှုန်းများသည် စံချိန်တင်အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၁၄၇၀ အထိရောက်ရှိခဲ့ပြီး ၁၃၆၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ သို့သော် ယခု တစ်ပတ်တွင် ဝယ်လိုအား  များပြားလာခြင်းကြောင့်ဈေးကွက်အတွင်း ငွေလဲနှုန်း များ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ တစ်ဒေါ်လာလျှင် ၁၃၇၅ ကျပ်အထိ ပြန် လည်မြင့်တက်လာခဲ့ကြောင်း၊ သို့သော် နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်တွင်မူ ၁၃၆၂ ကျပ်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
	]]ဒီတစ်ပတ်ထဲမှာ ဒေါ်လာဈေးကအတက်အကျတော်တော်များတယ်။ ပထမ ရက်တွေတုန်းက ဈေးကျနေရာကနေ ပြန်ပြီးမြင့်တက်လာတာပါ။ နှစ်ကုန်တဲ့ အချိန်မှာ ကုမ္ပဏီတွေက ပြည်ပကို ငွေလွှဲပို့ရမှာဖြစ်တဲ့အတွက် အခုလို အဝယ် လိုက်လာတာပါ။ ဒါပေမယ့် နှစ်ကုန်မယ့်ရက်ရောက်တော့ ဈေးပြန်ကျလာတယ်}}ဟုငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
	ငွေလဲစင်တာများတွင် ဒီဇင်ဘာ ၂၆ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၇၄ ကျပ်၊ ဝယ်ဈေး ၁၃၆၈ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ရောင်းဈေး ၁၃၆၈ကျပ်၊ ဝယ်ဈေး ၁၃၆၃ ကျပ်သို့ ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၃၁ ရက်တွင် ရောင်းဈေး ၁၃၆၂ ကျပ်၊ ဝယ်ဈေး ၁၃၅၆ ကျပ်သို့ ဆက်လက်ကျဆင်း ခဲ့သည်။           
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
