အင်ကြင်းကျောက် ပိုမိုတင်ပို့
 
                                                    
                
	မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၈ သန်း တန်ဖိုးရှိ အင်ကြင်း ကျောက် ၁၄ တန်ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈တန်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် အင်ကြင်းကျောက် ခြောက် တန်ခွဲ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
	မြန်မာနိုင်ငံတွင် အင်ကြင်းကျောက် များကို အထက်အညာ ဒေသများမှ တူးဖော်လေ့ရှိပြီး အဓိကထွက်ရှိတဲ့ ဒေသများမှာ နွားထိုးကြီးမြို့နယ်၊ မလှိုင် မြို့နယ် အစရှိတဲ့ ဒေသများမှ စီးပွားဖြစ် ထုတ်ယူရောင်းချလျက် ရှိကြောင်း၊ အင်ကြင်း ကျောက်များကို ကီလိုဈေး ဖြင့် ရောင်းချရပြီး တစ်ကီလိုလျှင် တရုတ် ငွေ ယွမ် ၂၀ နီးပါးအထိ ဈေးအမျိုးမျိုး ရှိကြောင်း နွားထိုးကြီးမြို့နယ် အတွင်းမှ အင်ကြင်းကျောက် တူးဖော်သူတစ်ဦးက ပြောပါတယ်။
	နွားထိုးကြီးမြို့နယ်ရှိ ချောင်းငါး ချောင်းမှ ထွက်ရှိတဲ့ အင်ကြင်းကျောက် မှာ အရည်အသွေးမီပြီး လူကြိုက်များ တာကြောင့် ဈေးကောင်းရရှိတယ်လို့ သိရပါတယ်။             မော်မော်အောင်
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
