ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများ တင်သွင်းမည်ဆိုပါက ကော့သောင်းနယ်စပ်မှ တင်သွင်းခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းနိုင်
 
                                                    
                ထိုင်းနိုင်ငံမှ ဘိလပ်မြေများအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်သည်များအနေဖြင့် ကော့သောင်း နယ်စပ် စခန်းမှတစ်ဆင့် တင်သွင်းပါက ပိုမို အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ တင် သွင်းလျက် ရှိသည့် ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊ အင်စီး(စိန်)၊ တီပီအိုင်၊ တိုက် ဂါး၊ အီးဂဲလ်၊ အက်စ်စီဂျီ စသည်တို့ ဖြစ်ကြသည်။ ကော့သောင်းနယ်စပ် စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဘိလပ် မြေများ တင်သွင်းရာတွင် သေ င်္ဘာတင်ခအနေဖြင့် ၅၀ ကီလို တစ်အိတ် လျှင် ကော့သောင်းမှ ထားဝယ်အထိ ကျပ် ၆၀ဝ၊ ကော့သောင်းမှ ရန်ကုန် အထိ ကျပ် ၇၀ဝ၊ ရခိုင်ပြည်နယ်အထိ ကျပ် ၁၀ဝ၀ ရှိကြောင်း သင်္ဘောကိုယ် စားလှယ်များထံမှ သိရသည်။ ကော့သောင်း နယ်စပ်စခန်းမှ ဘိလပ်မြေများကို တင်သွင်းရာတွင် ဠြ သင်္ဘောများဖြင့် တင်ဆောင်လျက် ရှိကြပြီး အဆိုပါကမ်းရိုးတန်းသွား ရေယာဉ်များသည် တန်ချိန် ၁၀ဝ၀ မှ ၂၀ဝ၀ ကျော်အထိ သယ်ဆောင်နိုင်ကြေ ကြာင်း၊ ကော့သောင်းမှ ရန်ကုန်အထိ ကြာချိန်မှာ ၁၀ ရက်ခန့်သာ ရှိကြောင်း၊ အခြား နယ်စပ် လမ်းကြောင်းများမှ မော်တော်ယာဉ်များဖြင့် တင်သွင်းသည်ထက် ကုန်ကျစရိတ် သက် သာမှုရှိကြောင်း၊ နိုင်ငံတကာ ဆိပ်ကမ်းများမှ တင်သွင်းခြင်းထက်လည်း ရေလမ်းကြောင်း တိုတောင်းခြင်း၊ ကုန်ကျစရိတ် သက်သာခြင်းတို့ကြောင့် အားသာ ချက်များ ရှိနေ ကြောင်း သိရှိရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၊ ကော့သောင်းနယ်စပ်မှ သွင်းကုန် တင်သွင်းမှု ပမာ ဏမှာ အမေရိကန် ဒေါ်လာ ၈၆ဒသမ သုညသန်း ရှိခဲ့ရာ တွင် ဘိလပ်မြေ တင်သွင်းမှု ပမာဏ သည် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၃၇၅ သန်း၊ တန်ချိန် လေးသိန်းခွဲကျော်ရှိခဲ့သဖြင့် သွင်းကုန် တင်သွင်းမှု ပမာဏရဲ့ ထက်ဝက် ခန့် ရှိခဲ့ကြောင်း တွေ့ရှိရပါ သည်။ ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ (ဧပြီလမှ နိုဝင်ဘာလ ထိ) သွင်းကုန် တင်သွင်းမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ဒသမ ၆၉၉ သန်း ရှိနေပြီး ဘိလပ်မြေတင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၁၉၃သန်း၊ တန်ချိန် နှစ်သိန်း ေ လးသောင်းခန့်ရှိသဖြင့် သွင်းကုန်တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကျော် ခန့်ရှိနေကြောင်းတွေ့ရှိရပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီလမှ နိုဝင်ဘာလထိ) ေ ကာ့သောင်း နယ်စပ် မှ ဘိလပ်မြေ တင်သွင်းမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၁၉၃ သန်း၊ တန်ချိန် နှစ်သိန်း လေးသောင်း အပေါ်တွင် အေ ကာက် ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ကြိုတင် ဝင်ငွေခွန် နှစ် ရာခိုင်နှုန်း စုစုပေါင်း ကျပ်သန်း ၂၀ဝ၀ ကျော်ခန့် ကောက်ခံ ရရှိထားကြောင်း သိရှိရပါတယ်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
