ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးလိုက်ပါကျဆင်းခြင်းမရှိ
 
                                                    
                ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးများကျဆင်းလာသော်လည်း ပြည်တွင်း ရွှေဈေးများသည် လိုက်ပါကျဆင်းလာခြင်းမရှိဘဲ ပြည်တွင်းငွေလဲနှုန်းများ ဆက်တိုကြ် မင့်တက်လာမှုကြောင့် ဈေးအမြင့်အတိုင်းသာ ဆက်လက်တည်ရှိနေကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၃၀ အထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာမူ တစ်ကျပ်သား လျှင် ကျပ် ၈၅၇၀ဝ၀ တွင်သာရှေိ န ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ "ကမ္ဘာ့ဈေးကွက်မှာ ရွှေဈေးက ကျဆင်းလာတယ်။ အမေရိကန်ဗဟိုဘဏ်က သူ့ရဲ့အတိုးနှုန်းကိုမြှင့်တင်ပေးလိုက်တဲ့ အတွက် အမေရိကန်ဒေါ်လာဈေးက မြင့်တက်လာတယ်။ ဒေါ်လာဈေးက မြင့်တက်လာတဲ့အတွက် ကမ္ဘာ့ ရွှေဈေးကွက်မှာ ဈေးကျလာတယ်။ ဒါပေမယ့်လည်း မြ န်မာနိုင်ငံမှာက ပြည်တွင်းငွေလဲနှုန်းတွေ မြင့်တက်နေတဲ့အတွက် ကမ္ဘာ့ရွှေဈေးကျပေမယ့် ပြည်တွင်းရွှေဈေးက လိုက်မကျဘဲ ဈေးအမြင့်မှာပဲရှိနေတာပါ"ဟု ရွှေ ကုန်သည် ဦးစံမြင့်က ဆိုသည်။ ပြည်တွင်းရွှေဈေးကွက်တွင် ဒီဇင်ဘာ ၁၂ ရက်က အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၈၅၆၅၀ဝ ရှိခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက် တွင် ကျပ် ၈၅၈၀ဝ၀ သို့ အနည်း ငယ်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ကျပ် ၈၅၇၀ဝ၀ သို့ အနည်းငယ် မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် ဒီဇင်ဘာ ၁၂ ရက်က တစ်အောင်စ လျှင် ၁၁၅၇ ဒေါ်လာရှိခဲ့ရာပြီး ဒီဇင်ဘာ ၁၆ ရက်တွင် အမေရိကန်ဒေါ်လာ ကျပ် ၁၁၃၀ သို့ကျဆင်းခဲ့သည်။
                        Agency Ministry of Foreign Affairs
                        
                        Category General
                    
